Zawgyi
"ကျွန်တော်က လော့ရှန်ဟွာရဲ့အပြုအမူနဲ့ပတ်သတ်ပြီး မသင့်တော်ဘူးလို့ထင်မိလို့ပါ" လူငယ်က လော့ကျန်းပေ့ကို ရှက်ပြုံးပြုံးပြရင်း ပြောလိုက်မိသည်၊ဘေးကလူတွေက လူငယ်ရဲ့အမူအရာက မျက်မှောင်ကြုတ်သွားတော့သည်၊
လော့ရှန်ဟွာရဲ့မွေးနေ့ပွဲကိုလာပြီး ဝေဖန်တဲ့အပြင် လော့ရှန်ဟွာရဲ့ချစ်သူကိုပင် မျက်စပစ်ချင်နေသေးသည်၊ဒီခေတ်လူငယ်တွေက စည်းဆိုတာ ဘာလဲမသိကြတော့ဘူးလား၊
"သူစိမ်းတစ်ယောက်က ကိုယ်နဲ့မဆိုင်ပဲဝင်ပြောတာကရော သင့်တော်တယ်လို့ မင်းထင်တယ်ပေါ့" လော့ရှန်ဟွာက ထိုလူငယ်ကို တစ်ချိန်လုံးအကဲခတ်ပြီးနောက်မှာ မေးလိုက်သည်၊လူငယ်ရဲ့အကြည့်တွေက သူ့ဆီရောက်လာချိန်မှာ မုန်းတီးမှုများတွေပင် ပါနေသေးသည်၊
"ငါက ဦးလေးလော့ဖုရဲ့မွေးစားသားလော့ချင်းဟွာပဲလေ...ဒါဆိုရင် ဒီစကားဝိုင်းမှာ ငါကသူစိမ်းတစ်ယောက်မဟုတ်ဘူးဆိုတာ မင်းသိသွားပြီပေါ့" လော့ချင်းဟွာက မောက်မာပြီးယုံကြည်ချက်အပြည့်နဲ့ပြောလာပေမယ့် လော့ရှန်ဟွာကရယ်မောလာတော့သည်၊
"ဒီနေရာမှာ သင့်တော်လားမသင့်တော်ဘူးဆိုတာ ငါပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်...အဲတော့ မင်းရဲ့အပြုအမူတွေက မသင့်တော်တာကြောင့် ငါ့မွေးနေ့ပွဲက မင်းကို မကြိုဆိုဘူး ထွက်သွားပေးနိုင်မလား" လော့ရှန်ဟွာက ဝှီးချဲရဲ့နောက်ကျောကို မှီရင်း ပြောလိုက်သည်၊
"မင်း!" လော့ချင်းဟွာက ရှက်ရွံ့မှုကြောင့်ဒေါသထွက်သွားပြီး တစ်ခုခုပြောရန်ပြင်ချိန်မှာ လော့ရင်းရင်းက ငြိမ်ငြိမ်နေရန်ပြောလိုက်သည်၊သူမကလည်း လော့ချင်းဟွာရဲ့မထိန်းနိုင်မသိမ်းနိုင် အပြုအမူကြောင့် စိတ်ပျက်သွားသည်၊
"ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေရှန်ဟွာ၊အပူအပန်ကင်းကင်းနဲ့ ဘဝကို ချမ်းချမ်းသာသာဖြတ်သန်းရပါစေ " လော့ရင်းရင်းက စိတ်မပါတပါနဲ့ ဆုတောင်းပေးလိုက်တော့ လော့ရှန်ဟွာလည်း ပြုံးလိုက်ပြီးတော့ ကျေးဇူးတင်စကားပြောလိုက်သည်၊
"ဒါပေါ့ ခေါင်းကိုင်အမေနဲ့ကျွန်တော်မိခင်ရဲ့အမွေတွေကြောင့် ကျွန်တော့်ဘဝက သုံးမကုန်၊ဖြုန်းမကုန်ဘဝကို ရရှိပြီးပြီ...အာ ဖွားလေး(၂)မွေးနေ့ဆုတောင်းကြောင့်များလားနော်"
ESTÁS LEYENDO
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ