Chapter-88

3.5K 399 0
                                    

Zawgyi

လီကုန်းရွှေတို့က လုံခြုံရေးခေါ်ကာ လိင်ဆက်ဆံနေတဲ့လူခြောက်ယောက်ကို ခွဲထားလိုက်သည်၊တချို့လူငယ်တွေကတော့ အဲပုံရိပ်တွေကို ဓာတ်ပုံရိုက်နေကြတော့သည်၊သူတို့က စိတ်လည်းတိုနေပြီး ရွံလည်းရွံရှာနေတော့သည်၊

အများစုကတော့ ကျန်းလင်းရှကို သဘောကျခဲ့တဲ့လူငယ်တွေဖြစ်ပြီး ကျန်းလင်းရှက သူတို့ကိုလှည့်စားခဲ့တယ်လို့ တွေးကာ စဉ်းစားတွေးခေါ်မှုမရှိပဲ အွန်လိုင်းပေါ်တင်ချလိုက်တော့သည်၊

လုံခြုံရေးတွေက လူခွဲပြီးနောက်မှာ မူးရူးနေတဲ့လူငါးယောက်ကို ရဲစခန်းလက်ထဲကိုထည့်ပြီးနောက်မှာ ကျန်းအိမ်တော်ကို ဆက်သွယ်ကာ ကျန်းလင်းရှကို လာခေါ်ရန်ပြောလိုက်သည်၊ထို့နောက်မှာတော့ ပါတီပွဲပြီးကြောင်းပြောလိုက်ပြီး ဒီ​နေ့ကိစ္စအတွက် လီကုန်းရွှေက လိုက်လံလုပ်နေရတော့သည်၊

တကယ်တော့ လီကုန်းရွှေက အတော်ကိုစိတ်တိုနေခြင်းဖြစ်သည်၊ဒါက အတိတ်ကဖြစ်ရပ်တစ်ရပ်ကို သတိရသွားတာကြောင့်ဖြစ်သည်၊လီရှန်းဟွာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ဖူးသည်၊အဲချိန်တုန်းက သူသာ ရောက်မလာခဲ့ရင် လူတချို့လက်ထဲမှာ လီရှန်းဟွာက ကစားနေခဲ့ရမှာသေချာလှသည်၊သူ့ချစ်ရတဲ့သူနဲ့အဖြစ်အပျက်တူတိုင်း ကျန်းလင်းရှကို သနားမည်ဟုထင်ရင် မှားသွားလိမ့်မည်၊

ရှအန်းထျန်းဆီကနေတစ်ဆင့် လီကုန်းရွှေက အကုန်သိရှိပြီးသားပင်၊လျောင်ဝူဟွမ်ကလည်း အနားမှာရပ်နေပြီး သူ့ပုံစံကလည်း အတော်ကိုအံ့အားသင့်နေပြီး တစ်ခွန်းတည်းပြောကာထွက်သွားတော့သည်၊

"သူ့စိတ်က အဲလောက်ထိတောင် အောက်တန်းကျနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

ဘယ်သူက တွေးမိမှာလဲ၊သူတို့က အခုမှ အသက်ဆယ့်ရှစ်နှစ်ဝန်းကျင်ပဲရှိသေးတယ်၊သူတို့မှာ ထက်မြက်တဲ့ဥာဏ်ရည်တွေရှိပေမယ့် လူတစ်ယောက်ကို ဘဝပျက်စီးစေတဲ့အထိယုတ်မာတဲ့စိတ်မရှိကြတာတော့သေချာတယ်၊

လျောင်ဝူဟွမ်က ကျန်းလင်းရှဘက်က လော့ရှန်ဟွာကို တစ်ခုခုကြံစည်ရန်ကြိုးစားနေတာကိုသိပြီး အဲလောက်ထိဆိုးဝါးမယ်လည်းမထင်ခဲ့ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now