Chapter-87

3.5K 398 1
                                    

Zawgyi

လော့ရှန်ဟွာက လီကုန်းရွှေတို့နဲ့စကားပြောနေပေမယ့် ကျန်းလင်းရှရဲ့အမူအရာကိုတော့ တစ်ချိန်လုံးအကဲခတ်နေသူဖြစ်သည်၊သူသာ ပြန်လည်မွေးဖွားလာတဲ့ကျန်းလင်းရှနေရာမှာဆိုရင် သူများနေရာကိုလုဖို့မတွေးပဲ ကိုယ့်ဘဝအတွက်ကိုယ် ပိုပြီးတိုးတက်အောင် ကြိုးစားမိလိမ့်မည်၊အခုတော့ သူများဘဝကို လိုချင်ပြီး ကိုယ့်အမှားကိုယ်မမြင်တဲ့သူကိုတွေ့ရတော့ သနားကြင်နာစိတ် အနည်းငယ်တောင် မရှိချေ၊

"အဲတာ မုချန်းရုံမလား "

"သူက အရှက်မရှိပေါ်လာသေးတယ်နော်"

ပါတီအဝကနေ အသံတွေဆူညံလာတာကြောင့် လော့ရှန်ဟွာတို့ကြည့်လိုက်ချိန်မှာ မုချန်းရုံက ညှိုးနွမ်းနေတဲ့အမူအရာနဲ့သူတို့ဆီလျှောက်လာတော့သည်၊ ထို့နောက်မှာတော့ မုချန်းရုံက လော့ရှန်ဟွာရဲ့အရှေ့ဒူးထောက်လာပြီး တောင်းပန်လာတော့သည်၊

"အတန်းဖော်လော့ရှန်ဟွာ... ငါတောင်းပန်ပါတယ်၊ငါ့ကို ခွင့်လွှတ်ပေးပါ...ငါက မနာလိုသဝန်တိုစိတ်နဲ့မင်းရဲ့နာမည်ကို ညစ်ညမ်းအောင်လုပ်မိခဲ့တယ် အခု ငါတကယ်နောင်တရနေပါပြီ"

မုချန်းရုံက ရိုးသားမှုကိုပြရန်အတွက် အနီးနားရှိ စားပွဲထိုးကိုင်ဆောင်ထားတဲ့ဗန်းပေါ်ရှိ သီးစုံကော့တင်းကို မတ်တပ်ထလိုက်​ပြီး လှမ်းယူကာ မော့သောက်လိုက်သည်၊

လော့ရှန်ဟွာက မုချန်းရုံကိုကြည့်လိုက်သည်၊ရက်အနည်းငယ်တောင်မကြာသေးပေမယ့် မုချန်းရုံက အနည်းငယ်ပိန်သွားပြီး အသားအရည်ကဖြူဖျော့ဖျော့ဖြစ်နေကာ မျက်နှာထက်မှာ မျက်ရည်များလည်းရှိနေပြီး သနားစရာအသွင်တော့ တည်ရှိသည်၊ဒါပေမယ့် လော့ရှန်ဟွာရှေ့မှာတော့ မုချန်းရုံရဲ့အကြံအစည်တွေ ပြည့်သိပ်နေတဲ့အမူအရာကို မြင်နေရသည်၊ဒါကြောင့် လော့ရှန်ဟွာက ပြုံးလိုက်ပြီး...

"ကောင်းပြီ ငါ မင်းကိုခွင့်လွှတ်တယ်" ပြောလိုက်သည်၊

"မင်း မခွင့်လွှတ်ရင် ငါသောက်တစ်ခွက်နဲ့...ဟမ်...မင်းက ခွင့်လွှတ်တယ်" စာသားတွေကျက်လာတဲ့မုချန်းရုံမှာ လော့ရှန်ဟွာဆီကနေ တစ်ခါတမ်းခွင့်လွှတ်စကားကြားလိုက်ရပြီးနောက်မှာ ဘာဆက်ပြောရမလဲမသိဖြစ်သွားတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now