Zawgyi
ရက်အနည်းငယ်ကြာချိန်မှာတော့ ကျောင်းရဲ့အမှတ်စာရင်းတွေထွက်ပေါ်လာချိန်မှာ ကျောင်းသားတိုင်း မျက်လုံးပြူးကျယ်ကုန်တော့သည်၊ဘာကြောင့်လဲဆိုတော့ လော့ရှန်ဟွာဆိုတဲ့ကျောင်းသားက ဂျူနီယာကျောင်းဆောင်က ကျောင်းသားအားလုံးကိုကျော်ကာ အဆင့်တစ်ကို ရယူထားတာကြောင့်ဖြစ်သည်၊
"ဒါကြီးက ရူးလောက်တယ် Aရှစ်လုံးလုံးယူထားတာပဲ"
"သေချာပြူးအောင်ကြည့် A(+) 7လုံးယူထားတာ"
"လော့ရှန်ဟွာဆိုတဲ့ကျောင်းသားက ဘယ်သူလဲမသိဘူး...အရင်က မမြင်ဖူးပါဘူး ၊သူက ကျောင်းသစ်လား" တစ်ချို့သောကျောင်းသားတွေက စာဂျပိုးများဖြစ်တာကြောင့် ကျောင်းတွင်းပြဿနာတွေကို သိပ်ပြီးစိတ်မဝင်စားတာကြောင့် လော့ရှန်ဟွာနဲ့ပတ်သတ်တဲ့အကြောင်းတွေကို မသိကြပေ၊
ထိုအခါကျမှ မသိတဲ့ကျောင်းသားတွေကို သိတဲ့ကျောင်းသားတွေက ပြောပြလာတော့သည်၊ထိုထဲမှာ ကျောင်းသားတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လော့ရှန်ဟွာအကြောင်းကို အပုတ်ချလာတော့သည်၊လော့ရှန်ဟွာက သူတို့အတန်းထဲမှာ စာအညံ့ဆုံးကျောင်းသားဖြစ်ပြီး အခုလို ရုတ်တရက်ကြီး အဆင့်တစ်ကိုရောက်လာတာ မရိုးသားကြောင်းပြောလာတော့သည်၊လော့ရှန်ဟွာက ဂုဏ်ကျက်သရေမြင့်မားလှတဲ့လော့အိမ်တော်ကသခင်လေးဖြစ်တာကြောင့် မေးခွန်းကြိုရထားကြောင်း ပြောလာတော့သည်၊
ဒါပေမယ့် ထျန်းဟောက်ကျောင်းတက်နေတဲ့ကျောင်းသားတွေက ခပ်တုံးတုံးကျောင်းသားတွေလည်းရှိကြပေမယ့် စာတော်တဲ့ကျောင်းသားတွေက ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမြင့်မားကြပြီး သက်သေအထောက်အထားမရှိပဲပြောတဲ့စကားတိုင်းကို မယုံကြည်ပေ၊ ဒါကြောင့်ကျောင်းသားရဲ့စကားကို ကြားချိန်မှာ လူကြီးလူကောင်းဟန်ပန်နဲ့ကျောင်းသားက ရောက်လာတော့သည်၊
"မင်းက သူ့အတန်းထဲကလား"
"ဟုတ်တယ်" ထိုကျောင်းသားက အနည်းငယ်ထိတ်လန့်သွားပေမယ့် ပြန်ဖြေလိုက်သည်၊
"မင်းရဲ့အတန်းဖော်အကြောင်းကို အပုတ်ချတည်းက မင်းအဆင့်အတန်းကို ဖော်ကြူးစရာကိုမလိုတော့ဘူး"
YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ