Chapter-101

3K 306 0
                                    

Zawgyi

လော့ကျန်းပေ့တို့ လုပ်ကြံခံရတဲ့ကိစ္စကြောင့် လော့ရွှင်းမှာ ကြီးမားတဲ့ရိုက်ခတ်မှုကြီးဖြစ်သွားတော့သည်၊တချို့ကတော့ လော့ဖုက လော့ကျန်းပေ့အား မကျေနပ်တာကြောင့် နောက်ကွယ်ကနေလုပ်ကြံတာလို့ထင်ကြပေမယ့် လော့ထန်းရီကတော့ အဲလိုမထင်ပေ၊

ဘာကြောင့်လဲဆိုတော့ လော့ဖုက အဲလောက်မရူးမိုက်ပေ၊လူအများစောင့်ကြည့်နေတဲ့ကြားကနေ လော့ကျန်းပေ့ကိုလုပ်ကြံဖို့ဆိုတာ မဖြစ်နိုင်ပေ၊ဒါက အောင်မြင်ခဲ့သည်ဖြစ်စေ၊မအောင်မြင်ခဲ့သည်ဖြစ်စေ လော့ဖုရဲ့ဂုဏ်သတင်းက ကျဆင်းသွားမှာဖြစ်ပြီး ဆက်ခံသူနေရာအတွက် ပိုတောင်အခွင့်အရေးမရနိုင်တော့ပေ၊

လော့ထန်းရီခန့်မှန်းထားတဲ့အတိုင်း လော့ဖုက သူမပါဝင်တဲ့ကိစ္စမှာ နာမည်ပျက်သွားတာကြောင့် သူ့အိမ်တော်မှာ သောင်းကျန်းနေတော့သည်၊

"လုပ်တဲ့သူကိုသာ သိခဲ့ရင်... ကောင်းကောင်းမထားဘူး"

လော့ချင်းဟွာက အနည်းငယ်တိတ်ဆိတ်နေပြီး လော့ချင်းဝေ့ကိုလှမ်းကြည့်လိုက်သည်၊ပထမက လော့ချင်းဟွာက လော့ဖုစီစဉ်တယ်လို့ထင်ခဲ့ပေမယ့် တကယ့်တရားခံက လော့ချင်းဝေ့ဖြစ်နေမယ်မထင်ခဲ့ပေ၊လော့ချင်းဝေ့က လော့ကျန်းပေ့ကို အနည်းငယ်ဆုံးမချင်တဲ့စိတ်သာရှိပြီး ထိုသို့ကြီးမားသွားမည်လို့မထင်ခဲ့ပေ၊သူ(မ)က လော့ကျန်းပေ့တို့အပေါ်ကို ပန်းပုရုပ်ပစ်ချခိုင်းဖို့ မခိုင်းခဲ့ပေ၊လော့ကျန်းပေ့တို့လာချိန်မှာ ပန်းအိုးပြုတ်ကျကာ စိတ်အနှောက်အယှက်ဝင်ချင်ရုံသပ်သပ်သာရှိသည်၊

လော့ချင်းဝေ့ကတုန်လှုပ်နေလျက် လော့ဖုကိုမကြည့်ရဲနိုင်အောင်ဖြစ်နေပြီး နောက်ဆုံးမှာတော့ သူ(မ)ဟာ နေလို့မကောင်းကြောင်းပြောပြီးထွက်သွားတော့သည်၊လော့ချင်းဟွာကလည်း အနောက်ကနေလိုက်သွားပြီး လော့ချင်းဝေ့ကို တားလိုက်သည်၊

"အန်တီချင်းဝေ့"

"ချင်းဟွာ" လော့ချင်းဝေ့က သူမရဲ့အိမ်တော်ကိုအမြန်ပြန်ကာ သက်သေတွေကိုဖျောက်ဖျက်ချင်နေတော့သည်၊

"အန်တီချင်းဝေ့က ​နောက်ကွယ်က တရားခံမလား" လော့ချင်းဟွာရဲ့စကားကြောင့် လော့ချင်းဝေ့ရဲ့အမူအရာကပျက်သွားကာ သူမရဲ့မျက်လုံးများကအနည်းငယ်ပြူးကျယ်သွားတော့သည်၊လော့ချင်းဝေ့က ထိတ်လန့်မှုကို ပြန်ထိန်းချုပ်လိုက်ပြီး သူ(မ)ဟာ လော့ချင်းဟွာကို အော်ငေါက်လိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now