( Zawgyi )
အချစ်ဟူသည် မက်မောခြင်း ၊ တမ်းတခြင်းမရှိပေမဲ့ ထိုကောင်လေး၏ အချစ်ခံချင်သော စိတ်လေးကတော့ သူ့အားတွန်းအားတစ်ခုလိုပင် ဖြစ်နေပါသည် ။
YOUNG LOVE
::::::::::::::::::::::::::::
ကောင်လေး၏ ဘဝကတော့ သည်ကပင်စလေသည်...... ။
မိုးတွေရွာနေသည် ။ အညိုးကြီးစွာရွာနေသည် ။ ဘာအညိုးတွေကြောင့်ပါလိမ့် ။ ထိုအချိန်မှာပင်
သူပတ်ရှာနေသည် ။ မိုးသည်းသံတွေကြား တစ်စွန်းတစ်စထွက်ပေါ်လာတဲ့ ကလေးအော်သံ စူးရှရှလေး ။ သာယာနာပျော်ဖွယ်ကောင်းနေသည် မဟုတ်လား ။" အူငဲ.... အူငဲ..... "
တွေ့ပါပြီ ။ တောလမ်းအဖြတ် သစ်ပင်ခြုံတောကြားက ထွက်ပေါ်လာတဲ့ အော်သံပိုင်ရှင်လေးကို သိချင်တာကြောင့် ရှာကြည့်မိလေတော့ မျက်လုံးမှိတ်ကာ စူးစူးဝါးဝါး အော်ငိုနေလေသည် ။
နက်မှောင်သော ဆံသားထူထူ ။ မျက်လုံးမှိတ်ကာ အော်နေပေမဲ့ သိသာထင်ရှားနေသော ထိုကလေး၏ မျက်ဝန်းလေးတို့ဟာ ဝိုင်းစက်နေသည့် မျက်နှာထားကဲ့သို့ပင် ။ လှရက်လိုက်တာ ။ ကြွေရုပ်လေးအတိုင်းကဲ့သို့ပင် ။
ဘုတ် !
ကလေးကိုချီကြည့်လိုက်တော့ ကြမ်းဖျင်းသောပိုးထုတ်ထဲရှိ ကလေး၏ကြားထဲ၌ ဗူးလေးတစ်ဗူး ပြုတ်ကြလာလေသည် ။ သူသတိထားမိလေတော့ ဒီတိုင်းချီရင်း စာဖတ်ဖို့မသင့်လေအံ့ဟု ဆိုကာ အနီးနားရှိ ဇရပ်လေးထဲ ဝင်ထိုင်မိသည် ။ လက်ထဲပါလာသော ကြွတ်ကြွတ်အိတ်ထဲထည့်ထားသော သူ၏အိတ်ကိုထုတ်၍ အိတ်ထဲရှီ ပုဝါပါးပါးနုနုလေးဖြင့် ကလေးကိုသန့်စင်ပေးကာ ကြမ်းဖျင်းသော ပိုးထုတ်လေးကိုဖယ်ရှားကာ နွေးထွေးသော သူ၏ဆွယ်တာအင်္ကျီလေးဖြင့် ထုတ်ပေးထားလေတော့ ထိုကလေးဟာ မျက်လုံးလေးတွေမှေးကာ နှုတ်ခမ်းပုစိလေးဟာလည်း နို့ဆာနေဟန်ဖြင့် လုပ်နေလေသည် ။
ကိုယ်တိုင်တောင် ချမ်းနေသည်ကို သတိမရပါ ။ ကလေးအား ဂရုဏာသက်စွာကြည့်ရင်းကနေ ခုနကဗူးလေးကို သတိရဟန်ဖြင့် ထုတ်ကြည့်မိလေတော့ စာလေးတစ်စောင်ပင် ။
မလှမပလက်ရေးတွေဆိုပေမဲ့ ဝါကျတွေအစ ညီညာနေလေသည် ။
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။