( Zawgyi )
အခုဆိုရင်တော့ မနက်စောစော နေမထွက်ခင်ကထည်းက တက်ကြွနေတဲ့ နီတာရဲလေးဟာ သူ့ကိုကိုအားအသံစုံအောင် ခေါ်နေပါတော့သည် ။
" ကိုကိုရေ ! ကိုကိုရေ ! "
" ဗျာ..ဗျ ကိုယ်ဒီမှာရှိတယ် နီတာရဲရေ... "
မနက်မိုးမလင်းကထည်းကစလို့ အထုတ်တွေပြင်ရင်း သူ့အားပစ္စည်းမေ့မှာဆိုးလို့ တစ်ပူပူလုပ်နေတဲ့နီတာရဲလေးက အိမ်ထောင်ရှင်လေးလိုပါပဲ ။ ဟိုဟာယူ ၊ ဒီဟာယူနဲ့ သူ့မှာတစ်ယောက်ထည်းရှုပ်နေတာ ။
" ကိုကို ! ကိုကိုပူတာသိပ်မကြိုက်ဘူးမလား ? ဒီလိုလေးတွေဝတ်ရမယ်နော်...ဟာ...ဟင့် ! နီတာရဲ ရွေးပေးပါ့မယ်ဆို ! ဘာလို့ဒါတွေထည့်နေတာလဲ ? "
ထယ်ယောင်းက သင့်တော်ရာ အဝတ်အစားအလေးတွေကို
ရွေးထည့်ထားပေမဲ့လည်း ပူတာသိပ်မကြိုက်တဲ့ သူ့အနေအထားကိုသိတဲ့ နီတာရဲက အဝတ်ထည့်ထားတဲ့luggageထဲက အဝတ်အစားတွေကို ပြန်ထုတ်ပေးသည် ။" နီတာရဲရယ်... ကိုကိုလည်း ဒါတွေသိပ်မဝတ်ချင်ဘူးဗျ... "
" မရဘူးဝတ်ရမယ်...ကမ်းခြေသွားမှာဆို ! ဒါတွေမဝတ်လို့ ! ကိုကိုကunderwearကြီးနဲ့ ရေဆော့မလို့လား ! "
နောက်ဆုံးတော့ အစွာလေးတင်းပါပြီ ။ အစွာလေးနဲ့ခရီးသွားရမယ်ဆိုတာ သိပေမဲ့လည်း သူလည်းရွေးတက်ရာသာထည့်ထားတာမို့ short pantsတွေတောင် မထည့်မိပေ ။
" မဟုတ်ရပါဘူး...နီတာရဲရယ်... ကဲဗျာ... ကိုကို့luggageကို နီတာရဲသင့်တော်သလိုသာ စီစဉ်ဗျာ... ကိုကိုဒီတိုင်းလေးထိုင်နေမယ်... "
" အွန်း ! "
နီတာရဲလေးစိတ်ပြေလို့ပြေငြား သူ့စိတ်ကြိုက်ပြင်ဆင်ခိုင်းလေတော့ ထယ်ယောင်းအဝတ်အခန်းထဲကိုဝင်ကာ Short pantsရယ် ၊ အဝတ်အစားသင့်တော်ရာတွေကို သူကိုယ်တိုင်သယ်လာကာ လိုတဲ့နေရာတွေ ဝတ်ဖို့သက်သက် ၊ အေးအေးလေးကြိုက်တဲ့ သူ့အတွက် ချည်သားအင်္ကျီတွေကအစ သေချာခေါက်ထည့်ကာ လိုအပ်သည့်တစ်ချို့long pantsတွေရော ၊ အင်္ကျီကအစ သူကိုယ်တိုင်သာစီစစ်သည် ။ Hair jamဗူးကအစသေချာစီပေးကာ ထည့်ပေးနေပုံကိုကြည့်ကာ
ထယ်ယောင်းပြုံးမိသည် ။
YOU ARE READING
Young Love ( Completed )
Genç KurguTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။