EPISODE - 25

1.7K 138 27
                                    

( Zawgyi )

ဂျယ်ဂျူရောက်နေတဲ့အတွဲက တစ်နေ့လုံးပျော်ရွှင်အောင်ဆော့ပြီး
နောက်မှာတော့ ကိုကို့နီတာရဲလေးက ပင်ပန်းတာကြောင့် အိပ်ပျော်နေလေသည် ။

" ဂျောင်ဂုကီးထတော့လေ... ဂျောင်ဂုကီး ! "

" ဟင် ? အစ်ကိုဂျီမင် ? ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ ? ကိုကိုရော ဘယ်မှာလဲ ? "

အိပ်မှုံစုံဖွားနဲ့ထလာတဲ့ဂျောင်ဂုဟာ အရာအားလုံးကို သေသေချာချာမသိသေးပေ ။

" လာဦး ! ဟျောင်းတို့ကလည်း ချစ်သူသက်တမ်းအတွက်လာလည်ကြတာ... အခုလေ...မင်းရဲ့ထယ်ယောင်းက ကမ်းခြေမှာ ကောင်မလေးတစ်ယောက်နဲ့တွေ့နေလို့ မင်းကိုလာနှိုးတာ... "

" ဟင် ? ကိုကိုက ? မဖြစ်နိုင်ပါဘူး... "

ဂျောင်ဂုက ငြင်းသည် ။ ကိုကိုက အဲ့လိုမှမလုပ်တာ ။ တွဲတာဖြင့်ကြာလှပြီ ။ ကိုကိုကကျွန်တော့်ကို အဲ့လိုမလုပ်နိုင်ပါဘူး ။

" ကဲလိုက်ခဲ့ပါကွာ... "

" ဟင့် ! ဟုတ်ကဲ့ "

ယခုဆိုရင်ဖြင့်နီတာရဲတို့ စတင်ငိုလေပြီ ။ သူ့ကိုကိုက သူ့အပေါ် ဒီလိုလုပ်ရက်ရလားဆိုပြီးတော့လေ ။
ဒီလိုနဲ့ဂျီမင်ခေါ်ရာကိုလိုက်သွားတော့ ကမ်းခြေဘက်မှာလမ်းလျှောက်နေရင်း ဂျီမင်ကပျောက်သွားတော့ ကိုကို့ကိုလည်း ဘယ်လိုရှာရမလဲမသိတော့ပါ ။

သဲပြင်ပေါ်၌ထိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် ထိုင်ချကာ ငိုနေလေတော့သည် ။

" ဟင့် ! ရွတ် ! ကိုကိုကလည်း ကျွန်တော့်ကို မချစ်တော့ဘူးထင်တယ်... ကောင်မလေးနဲ့ လာပျော်နေတယ်... ခုနကလည်း အစ်ကိုဂျီမင်ကရှိနေရာကနေ ပျောက်သွားတယ် "

သဲသောင်ပြင်ပေါ်ထိုင်ချရင်း ငိုနေတဲ့နီတာရဲလေးကို ကိုကိုကလည်းဘယ်ရောက်နေမှန်းမသိ ၊ ဂျီမင်ကလည်း ချက်ချင်းကြီးပျောက်သွားတော့ နီတာရဲလေးမှာငိုနေလေပြီ ။ ထိုအချိန် သူ့အနားရောက်လာတဲ့ လူတစ်ယောက် ။ ဖိနပ်က သူ့မြင်ဖူးတဲ့ဖိနပ်လေ ။ ဒါဟာ့ ကိုကို့ဖိနပ်လား ။
သေချာရန်အပေါ်ကိုမော့ကြည့်လိုက်လေတော့ သူ့စောင့်နေတဲ့ကိုကိုမဟုတ်ခဲ့ပါ ။ အွန်ဝူးတဲ့လေ ။

Young Love ( Completed )Where stories live. Discover now