( Zawgyi )
သည်လိုနဲ့ ရက်သားလေးကနေ ၃လသားအရွယ်ရောက်လာတဲ့ ပိစိလေးဟာ ချစ်စရာကောင်းလာသည် ။ ငယ်ငယ်ကလိုပင် လူကြီးတွေအား လိုချင်တာမှန်သမျှကို ရယ်လိုက် ၊ ပြောလိုက်ဖြင့် တောင်းဆိုတာသိပ်များလေသည် ။ သို့ပေမဲ့ ပြောင်းမလဲသွားသည်က မျက်ဝန်းဝိုင်းဝိုင်း ၊ နှာတံလုံးလုံး ၊ နှုတ်ခမ်းပါးသေးသေးလေးတို့က ချစ်စရာကောင်းသည့်အမူအရာကို ပြလေသည် ။
အဆိုးဆုံးကတော့ သခင်မကြီးတို့က ၃လသား အရွယ်ရောက်သည်အထိကို ယုန်လေးနဲ့တူသည်ဟု တစ်ဖွဖွပြောကာ ယုန်ပုံပါသည့် အဝတ်အစားလေး တွေသာဝတ်ပေးပါသည် ။အနှီးတောင် ယုန်ပုံလေးတွေပါသည်အထိ ။" အဲ ~ ဂူးး ! ဘူး ! ဘူး ! "
၃လဆိုသည့်အရွယ်ဟာ အရင်ကလို လှဲမနေချင်တော့ပေ ။ ထိုင်ချင်သည့် အရွယ်ဖြစ်တာကြောင့် မထိုင်စေဘဲ မှောက်ရပ်ဖြစ်နေတာကြောင့် မကြိုက်လို့ အပြုံးလေးတွေဆာကာ သူ့အကိုယွန်းဂီအား ခေါ်နေသည် ။ ဘာကြောင့်ဆို ၃နှစ်သားပိစိလေးက လက်သိပ်ကြိုက်ပါသည် ။
" လာပါပြီခင်ဗျာ ! ဟျောင်းလာပါပြီလို့ ! အဲ ဘူးဘူးလေး ! ဘူးဘူးလေး လက်ကြိုက်တယ်ပေါ့ ! ဟျောင်းရဲ့ဘူးဘူးလေးကို ချီရမှာပေါ့ အင့် ! "
မှောက်ရပ်ဖြစ်နေသော ပိစိလေးအားချီလိုက်တော့ သူ့မျက်နှာအား လက်သေးသေးလေးတွေဖြင့် ထိတွေ့ကာ စကားဆိုပြန်သည် ။ ဘာပြောလဲဆိုတာတော့ နားမလည်ပေမဲ့ ဒီလိုလေးတွေစကားပြောရင် ရင်ထဲကြည်နူးမိပါသည် ။
" ဂူး...အဲ~ ပါ..ပါ.. ဘူး "
" ဘာလဲဗျာ ! ဟျောင်းကို ကျီစယ်နေတာလား
သိပ်ကိုချစ်စရာကောင်းလိုက်တာ ! မွ ! "" အင့် ! ဟင့် ! ဘူး ! "
" ဟောဗျာ ! "
သိပ်ချစ်စရာကောင်းတာကြောင့် နှုတ်ခမ်းသေးသေး ဆူဆူလေးကို နမ်းလိုက်လေတော့ မကြိုက်ပုံပေါ်သည့် အသံလေးထွက်လာသည် ။
" ဟော ! ဟျောင်းနမ်းတာကို ကြိုက်ဘူးပေါ့ ။ မကြိုက်လည်းနေကွာ ! ပိုနမ်းမှာပဲ ! မွ ! မွ ! မွ "
" အီးဟီး ! ဟင့် ! ဝူးဝူး ! "
" ဟာ ! "
' ဝူးဝူး ' ဆိုသည့်နေရာမှာတော့ ယွန်းဂီထပ်ပြီး သည်းခံနိုင်စွမ်းမရှိတော့ပါ ။ မျက်လုံးမှိတ်ကာ နှုတ်ခမ်းလေးထော်ရင်း ငိုပြနေသည်ကြောင့် ပို၍ အသည်းယားလာသည်လေ ။
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။