EPISODE - 18

2.1K 201 84
                                    

( Zawgyi )

အချိန်အားဖြင့် မနက်၅နာရီခွဲ ။
ဂျောင်ဂုနိုးလာသည် ။ သည်နေ့က ကျောင်းပိတ်သည်မို့ အိမ်မှာအေးဆေးနားချင်ပေမဲ့ civil engineerတစ်ယောက်မို့ ဟိုနေ့က အိမ်စာပေးလိုက်သော အိမ်ဆောက်ပုံကြမ်းတစ်ခုကို သူအသေအချာဆွဲရမည်ဖြစ်သည် ။ ညကလည်း ဆွဲလိုက်နဲ့အိပ်ချင်လွန်းတာကြောင့် ညဥ့်နက်မှ အိပ်လိုက်ရသည် ။ မနက်ဖြန်လည်း Learning Construction တစ်ခုရှိတာမို့ စောစောသွားရမည် ။ သို့သော် နာရီကို အကြည့်ပို့မိတော့ ၅နာရီခွဲသာရှိသေးတာမို့ ပြန်အိပ်လိုက်လေသည် ။

မနက်၇နာရီလောက်ရောက်တော့ အားလုံးနိုးလာကြလို့ ထမင်းစားဝိုင်းမှာ လူတောင်စုံနေလေပြီ ။ တကယ်တော့ လုပ်ငန်းခွင်သွားရမဲ့သူတွေမို့
စောစောနိုးနေကြတာပါ ။ ယခုဆို ထယ်ယောင်းက VANTE J companyမှာ အလုပ်လုပ်နေလေပြီ ။ ဒီမှာတင်ပဲ နီတာရဲနဲ့အချိန်ပေးတာ အရမ်းများလို့နေပြီလေ ။

အခုလည်း မနက်စာမိသားစုထမင်းဝိုင်းတွင် လူစုံနေသော်လည်း ကင်မ်အိမ်တော်၏ ဆည်းလည်းလေးကိုတော့ မတွေ့ရသေးပါ ။

" ပိစိလေး မနက်စာလာမစားလှည့်ဘူးလား ? "

သခင်ကြီးစိတ်ပူပူဖြင့်မေးလေတော့ ယွန်းဂီကဝင်ဖြေလေသည် ။

" စိတ်မပူပါနဲ့ ဦးလေး ။ ပိစိလေးက ညကစာလုပ်တာညဥ့်နက်သွားတာနဲ့ အခုထိအိပ်ပျော်နေသေးတာ ။ ကျွန်တော်လည်း ပင်ပန်းနေမှာဆိုးတာနဲ့ မနှိုးခဲ့တာပါ ။ "

" အော်... ပိစိလေးကို ဂရုစိုက်ပေးလိုက်ပါဦး ။ ဒါနဲ့ အကိုမင်ရော သက်သာရဲ့လား သားဆော့ဂျင် ။ "

" ဟုတ်ကဲ့ ဒယ်ဒီသက်သာပါတယ် ။ ကျွန်တော်လည်း ပြန်လာရင်ဝင်ကြည့်ပေးနေတာမို့ အရာအားလုံးအဆင်ပြေပါတယ် ။ "

" ဒယ်ဒီလည်း ခဏနေကျ အကိုမင်ရှီ
သွားလိုက်မယ် ။ သားယွန်းဂီကတော့ အလုပ်ကိုအရင်သွားနှင့်ကွာ ။ "

" ဟုတ်ကဲ့ ဦးလေး ! "

" သားပိစိလေးကို သွားမနှိုးကြနဲ့နော် ။
သူအိပ်ပါစေ ။ ကျောင်းစာလည်း နားပြီးလုပ်ခိုင်းလိုက်ဦး ။ ပိစိလေး နေမကောင်းဖြစ်လိမ့်မယ် "

Young Love ( Completed )Where stories live. Discover now