EPISODE - 26

1.6K 139 37
                                    

( Zawgyi )

" ဟင့် ! ဂီဂီရေ ဖေဖေက သားတို့ကိုထားခဲ့ပြီ... ဖေဖေ့ကိုပြန်ခေါ်ပေးပါဦး ဂီဂီရဲ့ "

အခုဆိုရင်ဖြင့် မင်ရဲ့ဈာပနမှာတော့ နီတာရဲလေးနဲ့ ယွန်းဂီဟာ ဖခင်ဖြစ်သူရဲ့ပုံကိုကြည့်ကာ ငိုနေခြင်းဖြစ်ပါသည် ။ ထို့အတူ သခင်ကြီးတို့ သခင်မကြီးတို့လည်း ဝမ်းနည်းသည့်အနေဖြင့် ဘာမှမတက်နိုင်ပါလေ ။ ယွန်းဂီဆိုလည်း အခုဆို သူနဲ့ညီလေးသာရှိတော့သည် ။ အခုဆိုရင်တော့ သူဟာအစ်ကိုကြီးအဖရာနေရာကို နေရတော့မည်ဖြစ်ပါသည် ။

" နီတာရဲလေး... ပင်ပန်းနေမယ်လေကွာ... သိပ်မငိုနဲ့တော့နော်... ကိုကို့နီတာရဲလေး သတိလစ်သွားလိမ့်မယ်... "

အသည်းအသန်ငိုနေတဲ့ နီတာရဲလေးကို ထယ်ယောင်းတားမှဖြစ်မည် ။ နဲ့မို့ဆို ဂျယ်ဂျူမှာတုန်းကလို ရှော့ရပြီးသတိလစ်သွားမှာ ဆိုးတာကြောင့်ပင် ဖြစ်သည် ။ အခုလည်း ထယ်ယောင်းလည်း မနည်းတားနေရပါသည် ။

" ကိုကိုရယ်... ဖေဖေ့ကိုပြန်ခေါ်ပေးလို့ ! ဟင့် ! တီတီတို့... ဖေ့ဖေ့ကိုပြန်ခေါ်ပေးပါနော်... "

" သားပိစိလေးရယ်... သိပ်မငိုနဲ့လေကွယ်... သားဖေဖေက သားလေးငိုနေတာမြင်ရင် ဘယ်စိတ်ကောင်းမလဲကွဲ့ ! သားလေးက လိမ္မာတယ်နော်...အို ! တီတီ့ပိစိလေး လာပါဦး ! အမလေး... လိမ္မာပါတယ်ကလေးရယ်... မငိုပါနဲ့ "

သူလည်းပြောသာပြောနေတာ စိတ်မကောင်းပေ ။ ရင်ခွင်ထဲရှိပိစိလေးကတော့ သူမရင်ခွင်ထဲဝင်ကာ ငိုနေသည် ။ ဒီကလေးက ဘယ်လောက်ပဲ သန်မာတယ်ပြောပြော ၊ သူ့ဖေဖေကိုသိပ်ချစ်ကြတဲ့ ကလေးတွေမို့ အရမ်းဝမ်းနည်းနေကြတာ ။ ယွန်းဂီလေးဆိုလည်း သူ့ညီလေးရှေ့ သန်မာရမယ်ဆိုပြီး ဂျောင်မှာတော့ ကြိတ်ငိုနေတာပင် ။

" သားငယ်... ပိစိလေးကိုအနားပေးလိုက်တော့နော်... ခေါ်သွားလေ... "

" ဟင့်အင်း ! တီတီ...မထချင်ဘူး... ဖေဖေ့နားကနေ ဘယ်ကိုမှ မသွားချင်ဘူး... အဲ့နေ့က သားကိုကိုနဲ့ ခရီးမသွားလိုက်ရမှာ.. ဒါဆိုဖေဖေ့ကို တွေ့လို့ရသေးတယ်... အခုတော့ ဟင့် ! အီးဟီး ! ဖေဖေ့ကိုမတွေ့လိုက်ရဘူး ! "

" အို ! သားပိစိရယ်... "

" သားပိစိလေး... ဦးဦးပြောမယ်... သွားနားလိုက်တော့နော်... သားငိုနေရင် သားဖေဖေကစိတ်ကောင်းမှာ မဟုတ်ဘူး... သားလေး အရမ်းပင်ပန်းနေပြီ... သွားနားလိုက်တော့နော်... သားဖေဖေကို သဂြိုလ်ရင် ဦးဦးတို့လာခေါ်မယ်နော်... "

Young Love ( Completed )Where stories live. Discover now