( Zawgyi )
နောက်တစ်နေ့မနက် ။ ယွန်းဂီလေးဟာ သောင်းကျန်းနေပါသည် ။ အကြောင်းကား မနေ့ကဖြစ်ပြီးတဲ့ကိစ္စမှာတင် သူ့ညီပိစိလေးကို ပေးမသွားခိုင်းတော့ပါ ။ အဲ့တော့မင်မှာလည်း အခက်တွေ့နေသည် ။ သခင်မကြီးကလည်း ချစ်တော့ မနက်စာစားပြီးကထည်းက ခေါ်နေတာအခုထိပင် ။
" ဟူး... သားရယ်... အဲ့လိုတွေမလုပ်ပါနဲ့ကွာ ။ သခင်မကြီးက ချီချင်လို့တဲ့လေ ။ "
" ဟင့်အင်း ! မရဘူး ဖေဖေ ! ပိစိလေး မနေ့က နာနေတာ... မရဘူးနော် ! "
ကလေးကိုကာထားကာ မယူသွားဖို့လုပ်ခိုင်းနေတဲ့ ယွန်းဂီကြောင့် မင်အခက်တွေ့ရပါသည် ။
တစ်ဖက်ရှိ အိမ်တော်ကြီးမှာလည်း မနက်ကထည်းကမနက်စာစားနေစဉ်လည်းငို ၊ ယခုလည်းငိုနေတဲ့ သခင်လေးထယ်ယောင်းဟာ စိတ်မကောင်းဖြစ်ပြီး ငိုနေလေသည် ။
" မာမီရယ်... သားရှီကို နီတာရဲလေးက မလာချင်တော့ဘူးထင်တယ် ။ သားအဲ့လောက်ထိ မရည်ရွယ်ပါဘူး ။ သားနာစေချင်တဲ့စိတ်မရှိပါဘူး.. သားရှီ နီတာရဲလေးကို ခေါ်ပေးပါနော် ။ "
သားငယ်ကလည်း ငိုယိုနေတော့ မိခင်ဖြစ်သူမှာ မနေနိုင်ပါလေ ။ ဘာလို့ဆို သူ့ကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့ရတော့ သူ့သားငယ် ဖြစ်ချင်တာလေးကို ဖြည့်စည်းပေးချင်ပါသည် ။
" အကို ! အကိုမင်နဲ့ပိစိလေးရောက်လာပြီလားဟင် ? ကျွန်မသူတို့ကိုမျှော်နေတာ ။ သားငယ်လေးက ပိစိလေးမှမရရင် သူ့မှာဝမ်းနည်းနေမှာ ။ အကိုရယ်.. သားလေးက သူမှားတာတော့သူသိရှာပါတယ် "
" အကိုလည်း ဘယ်တက်နိုင်ပါ့မလဲ ။ ယွန်းဂီလေးဘက်ကတွေးရင်လည်း သူ့ညီပိစိလေးက သူအရှေ့မှာပဲထိခိုက်သွားတော့ သူဝမ်းနည်းနေတာပေါ့ကွာ ။ "
" ဟုတ်တယ်... မာမီရဲ့ ။ မနေ့က သားရှိနေတာတောင် သူ့ညီပိစိလေးကို ထိခိုက်လို့ဆိုပြီး သူ့မှာတစ်ရှုံ့ရှုံ့ဖြစ်နေတာ ။ တကယ်ဆို ယောင်းငယ်အမှားလည်းပါတယ် သိလား... သူပဲပိစိလေးကိုပေးဆော့ပြီး သူပဲပိစိလေးကို နာကျင်အောင်လုပ်နေတာ ။ အဲ့တော့ ပိစိလေးကဘယ်လာချင်ပါ့မလဲ "
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။