EPISODE - 33

1.7K 146 72
                                    

( Zawgyi )

" ကျစ် ! ကိုကိုဒီလောက်မှာရဲ့နဲ့ကွာ ၊ သေချာဂရုမစိုက်ဘူး.... "

ထယ်ယောင်းကားမောင်းရင်း စုတ်တစ်ချက်သပ်မိသည် ။ မုန်လာဥနီလေးရှိလို့ ဂရုစိုက်ပါဆိုကာမှ ဘေးအိမ်ကခြံထဲရှိ ပန်းသီးပင်ကပန်းသီးနီရဲရဲများကို စားချင်စိတ်ကြောင့် အိမ်ကလူကြီးတွေကို အသိမပေးပါဘဲ လှေကားဖြင့်တက်တွယ်ကာ ခူးစားရင်းချောလဲသည်တဲ့ ။ စိုးရိမ်မှုတို့က အတိုင်းသား ။ အခုလည်း ဆော့ဂျင်းဟျောင်းက ဖုန်းဆက်သည်မို့ သူလည်းအမြန်ပြေးလာရသည် ။

" နီတာရဲ ၊ ကိုကိုမှာထားတယ်လေ ၊ ကိုယ့်ကိုကို ဂရုစိုက်ပါလို့ ၊ အခုကိုကို ဘယ်လောက်တောင် စိတ်ပူသွားရလဲ ၊ စားချင်ရင်လည်း အိမ်ကလူတွေကို ပြောလေ ၊ သွားဝယ်ခိုင်းပေါ့ ၊ အခုကကွာ.. ကျစ် ! မုန်လာဥနီလေးတစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ "

အခန်းထဲဝင်ဝင်ချင်း ဒေါသထွက်စွာဖြင့် ဟောက်ဟန်ပြုလာတော့သည် ။ တကယ်တော့ သူလည်း စိတ်ပူနေတာပါ ။ ဗိုက်ထဲကသားထက် နီတာရဲကိုပို၍ စိတ်ပူသည် ။

" ကိုကို ၊ ဟင့် ! ဆူပါနဲ့ ၊ တကယ်တော့ မုန်လာဥနီလေးက စားချင်တယ်ဆိုလို့ သွားခူးစားတာပါ... "

" ဆူရမှာပဲ ၊ အမြဲကိုယ့်စကားကိုမှ နားမထောင်တာ ၊  ဟာကွာ....မတော်လို့ ပြုတ်ကျရင်ကွာ "

ထယ်ယောင်းကဆူလေတော့ တစ်ခါမှမဆူခံရဖူးတဲ့ နီတာရဲက ထငိုလေသည် ။ ထိုအခါမှ ဆော့ဂျင်းတို့ကလည်း ဝင်ပြောရတော့သည် ။

" ထယ်ယောင်းရယ် ပိစိလေးကို မဆူပါနဲ့တော့ကွာ ၊ မာမီ... ပိစိလေးကိုခဏကြည့်ပေးထားပါဦး ၊ ကျွန်တော် ထယ်ယောင်းကိုပြောစရာရှိလို့ "

ဆော့ဂျင်းက ထယ်ယောင်းကို အခန်းပြင်ပထုတ်သွားကာ စတင်စကားပြောလေသည် ။

ဒေါက် !

" ပြောတော့ချစ်တယ်ဆို ၊ အခုကြတော့ ဘာမှမဟုတ်တဲ့ဟာလေးကြောင့်နဲ့ ပိစိလေးကို ဆူရလား ၊ ပြီးတော့မင်းရဲ့သားလည်း ဘာမှမဖြစ်တာကို ၊ ကိုယ်ဝန်သည်ကို စိတ်ချမ်းသာအောင်ထားရမယ်လေ ၊ အခုကလည်း မုန်လာဥနီလေးက တောင်းတလို့စားချင်တာလေ ၊ မင်းကအဲ့လိုဆူတော့ ပိစိလေးက စိတ်မကောင်းဘူးပေါ့... "

Young Love ( Completed )Where stories live. Discover now