EPISODE - 17

2.1K 207 121
                                    

( Zawgyi )

ရေးကူးကန်ဘေး အနမ်းခြွေနေကြသည့် ကောင်လေးနှစ်ဦးမှာ ဂျောင်ဂုက ထယ်ယောင်းရဲ့ရင်ဘက်ကိုထုကာမှ သတိဝင်လာတဲ့ထယ်ယောင်း ။ ဒါကြောင့်လည်း သူနမ်းလို့ဝတော့ လွှတ်ပေးလိုက်လေသည် ။

" ကိုကို ? "

" ချောလိုက်လို့ ကျေနပ်လား ? "

" ကိုကို ကျွန်တော့်ကိုနမ်းလိုက်တာလား ။ ဒီအနမ်းက ချစ်လို့နမ်းလိုက်တာမလား ။ ပြီးတော့ ကျွန်တော်တို့ -- "

" ဟား... နေပါဦးကွာ ! ကိုယ်နမ်းတယ်ဆိုတာက ငယ်ငယ်ကလို ချော့တာပါ ။ ကျေနပ်ပြီလားဗျ "

" အော်.... "

သူအံ့ဩလို့ အော်တစ်လုံးသာထွက်နိုင်သည် ။ ငယ်ငယ်ကလို ချော့ချင်လို့ အနမ်ပေးတာတဲ့ ။ သို့သော် သူမသိချင်ယောင်ဆောင်လိုက်ရင်း ကိုကို့ကိုပြန်ချေပပါမည် ။

" ဘာဖြစ်တာလဲ ? ဂျောင်ဂု ! "

ထယ်ယောင်းကမေးတော့ သူ့အားမျက်နှာစူပုတ်ကာ ဖြေသည် ။

" ဘာမှမဖြစ်ပါဘူး ။ မှတ်ထားရတာလေ... ကိုကိုကပြန်ချော့ရင် ဒီလိုနမ်းတယ်ဆိုတော့ နောက်ဆို ကျွန်တော်စိတ်ကောက်ရင် အွန်ဝူးကို အဲ့လိုချော့ခိုင်းမလို့ ။ "

" ဘာ ! ! "

ထယ်ယောင်းအော်လိုက်မိသည် ။ ဘယ်လိုတောင် တွေးရက်လိုက်လေရဲ့ ။ သူစိတ်ကောက်ရင် အွန်ဝူးကို ဒီပုံစံချော့ခိုင်းမည်တဲ့ ။ ကိုကိုကစတာကို သူကအဲ့လိုတွေထင်တယ်ပေါ့ကွာ ။ မဖြစ်ရပါဘူး ။

" မချော့ရပါဘူး ! သူငယ်ချင်းတွေစိတ်ကောက်ရင် အဲ့လိုမချော့ရဘူး ။ "

" ဟင့် ! ဒါဆို ကိုကိုက နီတာရဲကိုမချစ်ဘူးပေါ့ ။ ဒီတိုင်းညီအစ်ကိုလိုသဘောထားလို့ ဒီလိုချော့တယ်ပေါ့ ။ ဟင့် ! တီတီနဲ့တိုင်မယ် ! အီးဟီး တီတီရေ ! "

ထယ်ယောင်းနဲ့စကားအကောင်းပြောရာကနေ ချက်ချင်းငိုယိုကာ ပါတီထဲပြန်ပြေးသွားတဲ့ နီတာရဲကြောင့် ကိုကိုလိုက်ရပါပြီလေ ။ ဟိုကလည်း အတည်ပေါက်ကြီးနဲ့ မာမီဆီသို့သွားနေတာကို ။
တော်သေးတာတစ်ခုက မာမီကဂျီမင်နဲ့ စကားပြောနေလို့ပဲ ။ မဟုတ်ရင် သူတော့ မာမီ့သူငယ်ချင်းတွေကြား ရှက်စရာတွေဖြစ်မှာ ။

Young Love ( Completed )Where stories live. Discover now