EPISODE - 32

1.7K 152 92
                                    

( Zawgyi )

ညပိုင်းသောင်းကျန်းထားတဲ့ကောင်လေးနှစ်ဦးဟာ မနက်မိုးလင်းတာတောင် မထကြသေးပါလေ ။  အကြောင်းကတော့ ညကမင်္ဂလာဦးညဖြစ်သည်တဲ့ ၊ မနေ့က တရားရုံးမှာလက်မှတ်ထိုးကာ hotelမှာ လက်ထပ်ပွဲကျင်းပလိုက်ပေမဲ့ အကျဉ်းချုံး ဖြစ်သော်ငြား သတင်းထောက်တွေရောက်လာကာ သတင်းယူကြတော့ လက်ထပ်ပွဲကို ခပ်မြန်မြန်ကျင်းပသည် ။ သို့သော်လည်း ဟန်းနီးမွန်းခရီးစဉ်ကိုတော့ မသွားခဲ့ရပါ ။ ဘာလို့ဆို
ိဒယ်ဒီကင်မ်က သူ့နီတာရဲနဲ့ ၊ မုန်လာဥနီလေးကို စိတ်မချလို့ပါတဲ့ ။ ဒါကြောင့် မုန်လာဥနီလေး ကြီးလာမှသာ မိသားစုလိုက် အတူတူသွားဖို့ ဆုံးဖြတ်လိုက်ကြသည် ။

မှန်တံခါးတွေကိုလိုက်ကာကားထားသော်ငြား တစ်စတစ်စတိုက်ခတ်လာသော နေအလင်းရောင်က သူ့မျက်နှာထက် ဖြာကျတာကြောင့် အိပ်ရာမှ မထချင်ပဲ ထလိုက်ရတော့သည် ။

" နီတာရဲလေး... Good Morning ! ပြွတ်စ် ! ဒယ်ဒီ့ မုန်လာဥနီလေး ! ပြွတ်စ် ! ဒယ်ဒီညက နည်းနည်းကြမ်းလိုက်တော့ မုန်လာဥနီလေးကို ထိမိသွားရင် တောင်းပန်ပါတယ်ဗျာ... "

နီတာရဲနဖူးကိုအနမ်းချွေလိုက်နဲ့ ၊ သူ့သွေးသားလေးရှိသော ဗိုက်ချပ်ချပ်လေးကို အနမ်းပေးနေတော့ နီတာရဲလေးက
နိုးလာလေသည် ။

" နီတာရဲလေး... ကိုကိုနည်းနည်း လှုပ်လိုက်မိပြီထင်တယ် ၊ လာပါဦး ကိုကို့အနား ၊ အပူချိန်စမ်းရမယ်... "

ထယ်ယောင်းက နီတာရဲကိုစိတ်ပူလို့ပူငြား ကိုယ်ပူချိန်စမ်းလိုက်တော့ မပူတာကြောင့် ထယ်ယောင်းသက်ပြင်းချနိုင်တော့သည် ။

" ကိုကိုက ခဏခဏလုပ်နေတော့ အမြဲတမ်း ခံနိုင်ရည်ရှိသွားတာလားမသိဘူး ၊ အဲ့ဒါကြောင့် နီတာရဲမဖျားတာလား ၊ ကိုကို ! ကြားရဲ့လားလို့ "

ထယ်ယောင်းရယ်လိုက်သည် ။ သူ့ယောကျာ်းလေးက တကယ့်ကိုအင်နိုးစန့် ။ ဘာမှမသိသည့် သူ့နဲ့တော့တစ်ခြားစီပါလေ ။

" ကြားပါ့ဗျာ ၊ နီတာရဲလေးကွာ ဒါတွေကို အဲ့လိုထိလိုက်ပြောရလား ၊ ကိုကို့ကလေးက ကောက်စိန်ကနေ ထန်စိန်လေးဖြစ်သွားတာလား "

Young Love ( Completed )Where stories live. Discover now