EPISODE - 9

2.1K 216 104
                                    

( Zawgyi )

" ဖေရီး... မေရီးရဲ့ ပုံကိုကြပါရား ? တား မြင်ဖူးဘူးရော်... "

ပိစိလေးက ၄နှစ်သားလေးဆိုပေမဲ့ မနက်က မေးခွန်းတစ်ခုမေးလာသည် ။ ဒါက သခင်လေးတို့ ကျောင်းကိုလိုက်ပို့ပေးပြီးကထည်းကပေါ့ ။
' တိုတို့ရဲ့ကျောင်းမှာယေ ဖေရယ်မေရယ် လိုက်ပို့ကြတာတဲ့ယေ ' သည်စကားကိုကြားတော့ ဝမ်းနည်းမှုတို့က အထင်းသား ။ ဒါကြောင့်ပင် ဟိုးအရင်က ဆိုယောင်းလေးနဲ့အတူတွဲရိုက်ဖူးသည့် ပုံလေးကိုထုတ်ပြလေတော့ သဘောကျဟန် ရှိနေသည့် ပိစိလေး ။

" မေရီးက လှလိုက်တာရော်... ဟီးဟီး ! ဖေရီးက တိတ်ချစ်မှာပဲ "

ပိစိလေးစကားကြောင့် သူပြုံးသည် ။ ဖေဖေက မင်းအမေကို မပိုင်ဆိုင်ရပဲ အဝေးကနေ သူမပျော်ဖို့ကို ဖြည့်ဆည်းရင်း ချစ်ခဲ့ရတာပါကွာ ။

" ဖေရီးကရဲ ချောတယ်ရော်.. ဒါကြောင့် တားရော ဂီဂီယော ချောကြတာ "

" ဟုတ်ပါ့ဗျာ... ဖေ့သားတွေက ချောကြတယ် ။ ဟောဒီက...ဖေ့သားပိစိလေးက မင်းနဲ့အမေနဲ့ သိပ်တူလို့ သိပ်ကိုလှမှာ... အထူးသဖြင့် ဒီကြယ်ရောင်မျက်လုံးလေးတွေ ။ ဖေ့ရဲ့ရင်ကို အေးစေရောကွာ "

" ခစ်ခစ်.. "

မျက်လုံးလေးနှစ်ဖက်ကို အသာလေးထိကာ စကားဆိုတော့ ပိစိလေးကရယ်ပါသည် ။ ဒီလိုလေးတွေရယ်ရင်ကို မင်းအမေနဲ့ကို လုံးဝတူတော့တာပဲကွာ ။

" ဖေရီး ... တားရေချိုးတော့ရယ်... "

" ဟုတ်ပါပြီဗျာ... "

" အကိုမင်ရေ သခင်မကြီးက ပိစိလေးကို ထမင်းကျွေးတော့မှာမို့ ခေါ်ခိုင်းလိုက်ပါတယ် "

" အင်း...ရေချိုးပြီးရင် လွှတ်လိုက်မယ်ကွာ.... ကဲ..သား ဖေတို့ ရေချိုးကြမယ် "

ဤသည်ဖြင့် အပြာရောင်ရေဇလားလေးထဲ ရေထည့်ပေးကာ ပိစိလေး၏ အဝတ်အစားတို့အားချွတ်ရင်း ဘဲရုပ်လေးကိုပါထည့်ပေးလိုက်တော့ အသံမြည်အောင်သူကလုပ်ကာ ဆော့နေသေးသည် ။

" ဂွတ် ! ဂွတ် ! ဘဲရေးယေ.. နာ့မှာလေ တိုတိုရှိတယ် တိယား ? နာ့တိုတိုက နာ့ကိုကာကွယ်ပေးရယ်... မင်းကိုယော ကာကွယ်ပေးရဲ့ ဘူရှိလဲဟင် ? "

Young Love ( Completed )Where stories live. Discover now