( Zawgyi )
" ကိုကိုရေ ! ဖုန်းပြောတာရပ်ပါဦးလို့ ! ဒီမှာ အဝတ်အစားတွေကူထည့်ပေးလို့ ! "
အခုဆိုရင်ဖြင့် နီတာရဲလေးဟာ အဝတ်အစားထည့်ရင်း သူ့ကိုကိုဖုန်းပြောနေမှုကြောင့် စိတ်မရှည်လေပြီ ။
" ကင်မ်ထယ်ယောင်းရှီး ! ခင်ဗျားနော် ! ခရီးမသွားခင် အရမ်းစိတ်တိုအောင် သိပ်လုပ်တာပဲ... တော်ပြီ ! ခင်ဗျားနဲ့ မနေချင်တော့ဘူး...ဟင့် ! တီတီတို့နဲ့ တိုင်မယ် ! "
ညတွင်းချင်း အဝတ်အစားတွေထည့်နေရင်း ဖုန်းလာလို့ စကားပြောနေတဲ့ကိုကိုကြောင့် နီတာရဲစိတ်တိုကာ အောက်ထပ်ကိုဆင်းလေပြီ ။
" တီတီရေ.... ဟင့် ! "
" ဟယ်..ပိစိလေး...ဘယ်လိုဖြစ်တာတုန်းကွယ်.. "
အောက်ထပ်တွင် TVကြည့်နေသော ကင်မ်မိသားစုထံသွားကာ အပူကပ်ကာ ချွဲတော့မည်လေ ။ ယခုလည်း သခင်မကြီးနားထိုင်ကာ ရင်ခွင်ထဲဝင်ကာ ကပ်ချွဲနေလေသည် ။
" ဘာတွေမွှေဦးမလဲ မသိပါဘူး... "
ဆော့ဂျင်းစကားကြောင့် နီတာရဲလေးဟာ သူ့ဘက်လှည့်လာကာ အမျက်ပါသော ယုန်မျက်စောင်းလေးလှမ်းထိုးပါသေးသည် ။
" တီတီ ! ကိုကိုကလေ... သားကိုမချစ်ဘူးသိလား ? သူ့အလုပ်ကိစ္စနဲ့ဖုန်းပြောနေတာ သားကိုတောင် ဂရုမစိုက်ဘူး...ပြောတော့ဖြင့်လေ နီတာရဲလေးက ကိုကို့အတွက် ပထမနေရာလေးပါတဲ့...ဟင့် ! ကိုကိုက သားကိုမချစ်တော့ဘူး... "
" အို...ပိစိလေးရယ်... "
ထယ်ယောင်းကပြစ်ထားတာ နည်းနည်း ၊ တိုင်ပြောတာများများပါလေ ။ သေချာတာကတော့ နီတာရဲလေးရဲ့အတိုင်ပြောကြောင့် ထယ်ယောင်းအတီးခံရတော့မည်လေ ။
" မျက်ရည်လည်းမကျပဲ ငိုနေသေးတယ်... မျက်ရည်ထွက်အောင်တော့ ငိုပါကွာ... "
" အီးဟီး ! တီတီ ! ဆော့ဂျင်းဟျောင်း သားကိုပြောတယ်... ဟင့် ! "
" အ့ ! မာမီ... ! "
သူငိုတာကိုပြောနေတဲ့ ဆော့ဂျင်းလည်း အတီးခံလိုက်ရလေပြီ ။ အကြောင်းကား ဘေးရှိ ချည်လုံးနဲ့ပေါက်ခံလိုက်ရတာပါလေ ။
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။