EPISODE - 7

2.2K 222 42
                                    

( Zawgyi )

" တောင်းပန်ပါတယ် ယွန်းဂီဟျောင်း... သားမှားတာသိလို့ တောင်းပန်ပါတယ် ။ "

သူတောင်းပန်သည် ။ ဒူးထောက်တောင်းပန်ခဲ့သည်တော့မဟုတ် ။ ရိုးရိုးလေးသာ ဆိုဖာ၌ထိုင်လျက်တောင်းပန်သည် ။

" ရပါတယ်...ငါတစ်မျိုးမထင်ပါဘူး ။ မင်းက အငယ်ပဲ ငယ်တော့လည်းမသိလို့ နားလည်ခွင့်လွတ်ပေးရမှာပေါ့ မဟုတ်လား "

" ဟုတ်ကဲ့ ကျေးဇူးပါ "

' ကျေးဇူး ' ဟုသာနှုတ်ကဖြေလိုက်ပေမဲ့လည်း ရင်ထဲကတော့ သိပ်မပါခဲ့ပါ ။

" ဒါဆို ပြန်တည့်သွာကြပြီနော် ။ ဒယ်ဒီ စိတ်ချမယ်နော် သားထယ်ယောင်း ။ ပြီးတော့ သားယွန်းဂီရောပဲ "

" ဟုတ်ကဲ့ စိတ်ချပါ ။ "

ယွန်းဂီက ခါးကိုကိုင်းညွှတ်ကာ စကားဆိုသည် ။ တကယ်တော့ ယွန်းဂီကလိမ္မာတဲ့ ကလေးတစ်ယောက်ပါပဲ ။ အေးဆေးနေတက်ပြီး ပိစိလေးမရှိတုန်းကဆို တစ်ယောက်ထည်းနေ ၊ တစ်ယောက်ထည်းဆော့တက်တဲ့ ကလေးဖြစ်တာကြောင့် သားထယ်တို့နဲ့လာတောင် မဆော့တက်ပေ ။

" ဒယ်ဒီ ! "

" ဟေ~ "

တစ်ခုခုပြောချင်နေဟန် ။ သူ့ဒယ်ဒီအားခေါ်ကာ ခေါင်းငိုက်လိုက် ၊ လက်တွေပွတ်လိုက်လုပ်နေသည် ။

" ပြောလေသား.. ဒယ်ဒီ အလုပ်သွားရတော့မှာ  "

" ဒယ်ဒီ့ သားတောင်းပန်ထားတယ်နော် ။ သားရဲ့ နီတာရဲကို အဝေးမပို့နဲ့နော်.. သားလိမ္မာပါတယ် ။ "

ဘာများပြောမလဲဟု သေချာစွာနားထောင်နေသည့်အခါတွင် သားငယ်ထံမှ ' သားရဲ့ နီတာရဲကို အဝေးမပို့နဲ့နော် '
ဆိုသည့် စကားသာထွက်လာသည်မို့ အဖေဖြစ်သူ ရယ်မိလိုက်သည် ။

" ဟားဟား... ဘာများလဲလို့ကွာ ။ ဟုတ်ပါပြီခင်ဗျာ.. ဒယ်ဒီက ကတိတည်တာမို့ သားက အများကြီးလိမ္မာတော့နော် သားယောင်း "

" ဟုတ်ကဲ့ ဒယ်ဒီ ! "

" လိမ္မာတယ်... ဆူး~ ကိုယ်သွားပြီနော် ။ ပိစိလေး ဦးဦးသွားပြီနော်... သားကိုကိုတွေကိုလည်း ဦးဦးအစား ဝိုင်းဆုံးမပေးပါဦးဗျ "

Young Love ( Completed )Where stories live. Discover now