( Zawgyi )
" ဟွန်း ! နောက်ဆို ကိုကိုနဲ့မပြန်ချင်တော့ဘူး ! "
" ဟာ ! ဂျောင်ဂု ! ကိုယ်ကမမှားသင့်တာ မမှားအောင် တားနေတာ ။ မင်းက ငယ်သေးတယ် ။ ဒီလိုကောင်လေးနဲ့တွေ့နေဖို့ မဟုတ်သေးဘူးလေ "
ထယ်ယောင်းကတားသည် ။ သူ့နီတာရဲကို ဒီကောင်လေးနဲ့ အထိမခံချင်ပါလေ ။ ဘယ်လောက်ပဲ အသက်အရွယ်က ရောက်လာပါစေ သူချစ်တဲ့ နီတာရဲကို တစ်ခြားသူရဲ့ လက်ထဲထည့်မပေးနိုင်သည်မို့ သူတားရတာပါ ။ ဒါကို နီတာရဲက တစ်မျိုးထင်နေရော ။
" အွန်ဝူးက သူငယ်ချင်းလေ ။ ဘာမှမဖြစ်ဘူးလို့ ။ "
" ဟက် ? မင်းကငယ်သေးတယ်လေ ။ ရည်းစားထားလို့ မဖြစ်သေးဘူး ။ "
အဲ့ချစ်သူက မင်းကိုကိုဒီက ကင်မ်ထယ်ယောင်းဆိုရင်တော့ ကိုကိုလက်ခံတယ် ။ ကိုကိုကင်မ်ထယ်ယောင်းမဟုတ်ပဲ တစ်ခြားသူသာဆို ကိုကိုခွဲပြစ်မှာ ။
" ငယ်ရွယ်ပေမဲ့ အချစ်စစ်တယ်ဗျ ။
ကိုကိုယုံချင်ရင် နီတာရဲလေးကို
ချစ်ကြည့်ပါလား ခစ်ခစ်.. ။ "နီတာရဲက စလိုက်သောကြောင့် ထယ်ယောင်းမျက်နှာပျက်ခနဲ ။ ဘာလို့ဆို သူ့နီတာရဲလေးက ရည်စားစကားနဲ့တူတဲ့ ပုံစံကို သူ့အားပြောလိုက်သည်ကို ။
" ဂျောင်ဂု ပြောပြီးသားနော် ။ ငါ့မှာ ငါ့ကြိုက်တဲ့ ကောင်လေးရှိတယ် ။ မင်းလို ကလေးကို သဘောမကျဘူး ။ ငါ့အတွက်က သူကနတ်သားလေးမို့ ငါကသူ့ကိုသိပ်ချစ်တာ ။ "
" သူကဘယ်လောက်ချောချော နီတာရဲကိုတော့ မမှီပါဘူးနော် ။ "
ထယ်ယောင်းဘက်က စနောက်လိုက်ပေမဲ့ နီတာရဲက သူ့ကိုပြောတာတောင်မသိပါပဲ ကျွန်တော့်ကို ပြန်ပြောလိုက်တဲ့ စကားကြောင့်
ရယ်မိပါသေးသည် ။" ဟားဟား.. မင်းကတော့ တကယ်မလွယ်ဘူးဆို ။ "
" ဟွန်း ! ကိုကိုတစ်ခါပြောရင် နီတာရဲက အများကြီးပြန်ပြောနိုင်တယ်ဆိုတာ မှတ်ထားနော် ကိုကို ။ "
" သိတယ် ! မင်းကစွာတယ်ဆိုတာ ငါသိတယ် ။ "
" သိရင်လည်းပြီးတာပဲ ။ ကိုကိုမြန်မြန်မောင်း ! အိမ်မှာနားချင်းပြီ ! ဝှါး ! အိပ်ချင်လိုက်တာ "
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။