EPISODE - 23

1.8K 164 42
                                    

( Zawgyi )

ချစ်သူဖြစ်တာ တစ်လကျော်သွားသော်လည်း ကိုကိုနဲ့နီတာရဲတို့ဟာ သိပ်ချစ်ကြသည့်စုံတွဲလေး ။  သူ့နီတာရဲလေးလိုချင်တာဆို မနည်းမဖြစ်ဖြစ်အောင် လုပ်ပေးလေသည် ။ နီတာရဲကလည်းအငယ်ဆိုတော့ ကိုကို့အပေါ်ဆိုးသည် ။ ကိုကိုကလည်း ဒါတွေကို မငြိုငြင်ပါ ။ သူ့နီတာရဲလေး အတွက်သာဆို လိုချင်တာအကုန်လုပ်ပေးသည် ။

သည်ကြားထဲ အိမ်ကလူကြီးတွေဟာလည်း ကန့်ကွက်သည်ဆိုတာတော့မရှိပေ ။ ထို့နည်းအတူ ဦးလေးမင်ပါ အပါအဝင်ဖြစ်သည် ။ ဦးလေးမင်ကတော့ ကိုကိုနဲ့နီတာရဲကို သဘောတူပြီးသားပါဆိုတော့ စိတ်ပူစရာတော့ မရှိပေ ။ အဲ့တော့ ချစ်သူသက်တမ်း တစ်လပြည့်မှာတော့ ခရီးတစ်ခုစတင်ရန်သာ ဆုံးဖြတ်လိုက်လေသည် ။ ထိုခရီးဟာ သူနဲ့နီတာရဲလေးတို့ရဲ့ ချစ်သူသက်တမ်းတစ်လပြည့် အတွက်သာဖြစ်သည် ။

၉လပိုင်း ၊ ၁ရက်နေ့ဟာ နီတာရဲလေးရဲ့ မွေးနေ့ပင်ဖြစ်သည် ။ ထိုအတူ မွေးနေ့ပွဲလေးကိုလည်း နှစ်ဦးထည်းကျင်းပရန် စီစဉ်ထားပြီးသားဖြစ်သည် ။ သို့သော်ငြား ထယ်ယောင်းစီစဉ်ထားသည့် အရာကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ မသိပါလေ ။ ကိုကိုတစ်ယောက်ထည်းသာ လုပ်ထားတဲ့ လှို့ဝှက်ချက်ပါလေ ။

" ထယ်ယောင်း မင်းမာမီတို့ကို သေချာပြောထားခဲ့ရဲ့လား... "

" စိတ်ချပါ... ကျွန်တော်အကုန်ပြောခဲ့ထားတယ်.. ဟျောင်းသာ ဦးလေးမင်ကိုကြည့်ပေးထား... နော် ! ခွင့်တောင်းပါတယ်... "

ယခုဆိုရင်ဖြင့်ထယ်ယောင်းဟာ သူ့ချစ်သူလေးရဲ့ မွေးနေ့မှာ သူတို့ချစ်သူတစ်လပြည့်မို့ ခရီးတစ်ခုသွားရန် ပြင်ဆင်နေပါသည် ။ ဒါကြောင့်မို့ ဦးလေးမင်ကို တစ်ရက်လေးတောင် စိတ်မချဖြစ်နေသော သူ၏နီတာရဲလေးကြောင့် အစ်ကိုဖြစ်သူအား သေချာမှာကာ ဦးလေးမင်ရဲ့ ကျန်းမားရေးကို စောင့်ရှောက်ရန်သာ သတိပေးသည် ။

" မင်းမပြောလည်း ငါကဦးလေးမင်ကို ဂရုစိုက်ပါတယ်နော်... ဒါနဲ့ မင်းယောက်ဖယွန်းဂီလေ ဂျီမင်နဲ့လက်ထပ်တော့မယ်ဆိုတာ ငါကြားတယ်.. "

" အဲ့ဒါသူတို့ကိစ္စပါ ဟျောင်းရယ်... ကျွန်တော်ကတော့ နီတာရဲလေး ကျောင်းပြီးမှပဲ ဒီကိစ္စစဉ်းစားဦးမှာ... "

Young Love ( Completed )Where stories live. Discover now