( Zawgyi )
တီး ~ တောင် ~ တီး ~ တောင် ~
" အဒေါ်ကြီးရေ ! အိမ်ရှေ့မှာ ဘယ်သူလာလည်း မသိဘူး ! ကဲ ! အဒေါ်ကြီး မရှိဘူးလားကွယ် ! သားဆော့ဂျင်း ! ဒီလူတွေအားလုံး ဘယ်ရောက်သွားပါလိမ့် ! "
အဆက်မပြတ်တီးနေသည့် အိမ်ရှေ့ကမော်နီတာတွင် လူလည်းမပေါ်ပါဘဲ ခေါ်နေတာကြောင့် ဘာများလဲဟုဆိုကာ ခြံထဲဆင်းကြည့်တော့သည် ။ အိမ်ရှေ့ကိုထွက်ကြည့်ပြန်တော့ ဘဲလ်ကို အဆက်မပြတ်နှိပ်နေပြန်ပါသည် ။
" လာပါပြီလို့ ! ခဏနေပါဦး ! "
သခင်မကြီးအပြင်ဘက်ကို ထွက်ကြည့်လိုက်တော့ ကမာကောင်အခွံအကြီးကြီးထဲ ပုလဲလုံးလေးတွေ စီလျက်ရှိတာကြောင့် အံ့ဩစွာကောက်ယူလိုက်ရင်း ဘေးဘီဝေ့ဝိုက်ကာကြည့်လိုက်တော့ ဘာမှလည်းမတွေ့တာကြောင့် ထိုအရာကို အိမ်ထဲထိယူလာကာ အိမ်ထဲရှီိသူတွေကိုပြဖို့ ယူလာသည် ။
" သားတို့ရေ ! ပုလဲလုံး ! ပုလဲလုံးတွေ ! "
" ဆူးလေး ! ဆူး ! ဘာဖြစ်နေတာလဲ ? "
" အစ်ကို ! ကျွန်မလက်ထဲပုလဲလုံးတွေ ဟင် ? မရှိတော့ပါလား.... "
ပြောလည်းပြော လက်ထဲပိုက်ထားတဲ့ ကမာကောင်ကပျောက်သွားသည်တဲ့လား ။ ဘယ်လိုလဲ ။ ဘယ်လိုတောင် ဖြစ်သွားရတာလဲ ။
" အိမ်မက်ထဲမှာ ကျွန်မတို့အိမ်ရှေ့ကို ကမာကောင်အကြီးကြီးထဲ ပုလဲလုံးတွေအများကြီး ရောက်လာတယ်တဲ့အစ်ကိုရယ် ! တကယ့်ကို ဝမ်းသာစရာ နမိတ်ကောင်းတစ်ခုပါပဲ "
" ဟားဟား...ဒါဆို ကိုယ်တို့ပိုကြီးပွားမဲ့အရာတွေ ဖြစ်လာတော့မှာပေါ့.... "
" အင်း ဒီထက်ပိုတာပေါ့ အစ်ကိုရယ်.... "
သခင်မကြီးအတွေးထဲ ပြုံးပျော်နေမိသည် ။ မကြာခင်ရွေငွေထက် ကြီးပွားမဲ့အရာတွေက ကင်မ်စံအိမ်တော်ကြီးကို
ရောက်လာတော့မည်လေ ။
.
.
.
.
.
.
" နီတာရဲလေး နေကောင်းရဲ့လား ! ဟို့ဆော့ကပြောတယ်ကိုယ့်နီတာရဲလေး
အခုတလော အလုပ်အရမ်းလုပ်တယ်တဲ့ ! သတိထားဦးလေကွာ ! တော်ကြာ မူးလဲသွားမှဖြင့် "" ရပါတယ်ကိုကိုရယ်... ကျွန်တော် အဆင်ပြေတယ်.... "
ညကထည်းက ထယ်ယောင်းနဲ့အတူလာအိပ်တဲ့ နီတာရဲလေးက အလုပ်ပင်ပန်းတာကြောင့် နေမကောင်းချင်သလိုဖြစ်နေပါတော့သည် ။
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။