( Zawgyi )
အခုဆိုရင်ဖြင့် နေလည်အချိန်တွင် ကျောင်းအတွင်းရှိ ပန်းခြံ၌ ဂျောင်ဂုနဲ့အွန်ဝူးဟာ စာလုပ်နေကြသည် ။ အွန်ဝူးကိုယ်တိုင်က စိတ်ထဲတွင်မနက်ကကိစ္စကို အထင်မကျဖြစ်နေတာကြောင့် ဂျောင်ဂုကိုမေးရန် ဆုံးဖြတ်လိုက်သည် ။
" ဒါဆိုမင်းနဲ့အဲ့ဒီဟျောင်းနဲ့က ချစ်သူတွေဖြစ်သွားကြပြပီပေါ့ ။ "
အွန်ဝူးစကားကြောင့် ချက်ချင်းပါးတွေ ရဲတက်လာသည့် ဂျောင်ဂု ။ ဒီစကားကြောင့် သူလည်း ရှက်တာပေါ့ ။ ဒီလိုပေါ်တင်ကြီး မေးရသလား ။
" အာ...ဒီလိုက...ဟုတ်တယ်... ငါ ကိုကိုနဲ့ ချစ်သူတွေဖြစ်သွားပြီ... ညကပဲဖြစ်သွားကြတာ "
" ဟင် ? ညဆိုတော့ ငါမနေ့ကရှိတဲ့ညကလား ? "
အွန်ဝူးကြောင်သွားရသည် ။ သူတောင် သူငယ်ချင်းဘဝနဲ့ ရောင့်ရင့်နေရတာတောင် ပျော်နေရသည်ကို ။ ထယ်ယောင်းဟျောင်းက ချက်ချင်းကိုဖွင့်ပြောလိုက်သည်လား ။ ဒါဆို ထယ်ယောင်းဟျောင်းက ဂုကီးကိုကြိုက်နေတာ ကြာပြီလား ။
" မင်းကိုကိုက ဘယ်ကထည်းက ကြိုက်နေတာတဲ့လဲ ငါတောင်မသိပါလား ဂုကီးရယ်.. မင်းကလည်း ကိုယ့်သူငယ်ချင်းအရင်းကြီးတောင် လှို့ဝှက်လှချည်လား... "
" အယ်...ငါတောင်ညမှသိတာကို... မင်းကိုလှို့ဝှက်စရာလား.. ကိုကိုက ငါ့ကိုလေးနှစ်သားကထည်းက ချစ်ခဲ့တာတဲ့လေ.. ငါကတော့ ကိုကို့စကားကိုမယုံပါဘူး... "
စိတ်ဆိုးသည့်ပုံစံဖြင့် လက်လေးပိုက်ကာ ပြောနေသည့်ဂျောင်ဂုကြောင့် အွန်ဝူးသဘောကျစွာ ရယ်လိုက်သည် ။
" အပြန်ကျ မင်းကိုကိုလာကြိုမှာပဲ.. အဲ့ကျ မင်းသိချင်တဲ့အဖြေကို မရရအောင်မေးလိုက် "
" အွန်း ! ကိုကိုဖြေဖို့အသင့်ပြင်ရမယ်.. နာငြီးအောင်ပါ ငါကလုပ်မှာမို့ ! "
လက်သီးစုပ်လေးထောင်ပြကာ သူ့ကိုယ်သူ
' ဖိုက်တင်း ' ဆိုသည့်အနေအထားဖြင့် လုပ်ပြကာ အားပေးနေပုံကို အွန်ဝူးကြည့်ကာ သဘောကျမိသည် ။ ပိုင်ရှင်ရှိသွားပြီဆိုတဲ့ အသိလေးကြောင့် သူလည်းအနေအထိုင်ဆင်ခြင် ရတော့မည်လေ ။ ဖြူစင်တဲ့သူငယ်ချင်းအနေနဲ့ပဲ အတူနေတော့မယ်ဆိုတဲ့ အသိနဲ့ပေါ့ ။
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။