( Zawgyi )
လွယ်အိတ်လွယ်ထားသော ထယ်ယောင်းအား ခြေထောက်ကိုဖက်ကာ ငိုယိုနေတဲ့ကလေးလေးဟာ တစ်ခြားသူမဟုတ် သူ၏အချစ်တော် နီတာရဲလေးပင်ဖြစ်သည် ။ ထိုငိုနေသည်ကို သခင်ကြီးတို့လင်မယားနှင့်ဆာ့ဂျင်းတို့ရော မင်သားအဖရော စိတ်မကောင်းပါလေ ။
" တိုတို တွားပါရဲ့ ဟင့် ! နီတာရဲ ! လိမ္မာပါရယ်ရို့ !
ဟင့် ! အီးဟီးးး "" ဂျောင်ဂု ! မင်းကို ငါမခေါ်တော့ဘူး ! သွား ! မင်းကိုလည်း ငါမချစ်ဘူး ။ ငါ့ကျောင်းကိစ္စအတွက် သွားတာ ။ လွှတ်စမ်းပါကွာ ! မင်ယွန်းဂီ ! မင်း ! ဒီလိုကျတော့ မင်းညီကို
လာမခေါ်တော့ဘူးလား ? ရှုပ်ရရှုပ်ကွာ ! "" သားငယ် အဲ့လိုမပြောရဘူးလေ "
" ဟုတ်ကဲ့ သခင်လေး ကျွန်တော်ခေါ်ပါ့မယ် "
" ခေါ်နဲ့ ! ဟင့် ! တိုတိုယေ နီတာရဲရေးကို ခေါ်တွားရီ !
ကယ်...ကယ်.. အီးဟီး ! "မတိတ်နိုင်သော နီတာရဲလေးအား ပွေ့ချီလေတော့ ကော့လန်နေအောင်ငိုယိုနေလေသည် ။ ထိုကလေးကို ယွန်းဂီလည်း မနည်းပွေ့ထားရပါသည် ။ ဒါကို ထယ်ယောင်းလှည့်မကြည့်တော့ပါပဲ ကားပေါ်ပြေးတက်လေသည် ။ သခင်ကြီးတို့ရယ် ဆော့ဂျင်းရယ်က နောက်မှတက်လေသည် ။
ကျန်ခဲ့တဲ့ နီတာရဲလေးကတော့ ငိုနေတာ မတိတ်တော့ပေ ။" တိုတို ! အီးဟီး ! နီတာရဲတို ထားခဲ့ရယ်... အီးဟီး ! တို...တို... "
" ပိစိ ! "
" သားလေး... "
ငိုနေရင်းကနေအငိုလွန်ကာ အသက်တောင်မရှုနိုင်တော့ပဲ တက်သွားသည့် ပိစိလေးကြောင့် ယွန်းဂီကငိုရင်း ဆေးရုံပြေးဖို့ ပြင်ရသည် ။ ဒါကြောင့်လည်း မင်သားအဖက ကားထဲတင်ကာ ဆေးရုံပြေးပို့ရတော့သည် ။
" ပိစိလေး.. ဟျောင်းရဲ့ ပိစိလေး ! ဘာမှမဖြစ်ရဘူးနော် ! ဟျောင်းပိစိလေး ! သနားပါတယ်.... ဖေဖေ မြန်မြန်မောင်းပါ ! ပိစိလေး တစ်ခုခုဖြစ်လိမ့်မယ် ! "
မေ့မျောနေသော ပိစိလေး၏ကိုယ်လေးကိုပွေ့ကာ ဆေးရုံသွားနေသော မင်သားအဖဟာ စိတ်ပူလွန်နေပြီဖြစ်လေသည် ။
ဟင့်အင်း ! ဟျောင်းရဲ့ပိစိလေး ဘာမှမဖြစ်ရဘူး ။ လုံးဝပဲနော် ။ ဘာမှမဖြစ်ရဘူး ။ ဟျောင်းကလည်း လုံးဝအဖြစ်မခံနိုင်ဘူး ။
.
.
.
.
.
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။