EPISODE - 6

2.2K 229 83
                                    

( Zawgyi )

" ခစ်... ဝူးး...ခစ်..ခစ် "

ထိုရယ်သံလေး ။ ကင်မ်အိမ်တော်၌ ပျံ့နှံ့လျက်ပင် ။ ရယ်သံလေးကိုထွက်စေသူဟာ ကိုကိုထယ်ယောင်းပါတဲ့လေ ။ ကိုကိုက နီတာရဲရဲ့ ရယ်သံလေးကို သဘောကျသူမို့ ရယ်သံလေးတွေထွက်အောင် ဖန်တီးနေပါသည် ။ ဘယ်လိုဖန်တီးလဲဆို အခင်းပေါ်တွင် နီတာရဲလေးလှဲစေကာ သူ့နှာခေါင်းနှင့် နီတာရဲနှာခေါင်းလေးအား ထိတွေ့ကာပွတ်ဆွဲလုပ်ပြလေတော့ ကလေးပီပီ ယားသည်ကိုသဘောကျတာကြောင့် နီတာရဲလေး၏ ရယ်သံလေးတို့က ကျယ်လာလျက်ပင် ။ ဒါကို သူ့ကိုကိုကလည်း ထိုရယ်သံလေးကို မကျေနပ်နိုင်သေးပဲ နီတာရဲ၏ မှေးစေ့လေးကိုပါ နှုတ်ခမ်းဖြင့် မနာအောင်မြုံကာ ကိုက်သည့်ပုံစံလုပ်ပြလေတော့ နီတာရဲလေးက ပို၍ ရယ်ပါသည် ။

" အဲ..... ခစ် ခစ် အဲ...အဲ "

သူကျီစယ်တာများသွားပြီထင် နီတာရဲလေးဟာ မောဟန်ပြသည် ။ ဒါကို ထယ်ယောင်းကမရပါပဲ ထပ်၍စသည် ။ သူသဘောကျသည်ကိုး ။

" ကိုကို့နီတာရဲလေးကို ဆက်စပါမယ်... ဝူးဝူး "

" ဝူးး..အဲ.... "

" သခင်လေး ပိစိလေးမောနေပါမယ် ။ မစပါနဲ့တော့နော် ။ "

နီတာရဲနဲ့သူ ပျော်နေချိန် အသံတစ်ခုကြောင့် ထယ်ယောင်း၏ ရယ်သံတို့ဟာ
ရပ်တန့်သွားမိသည် ။

" ငါ့ကို နီတာရဲကချစ်လို့ ဆော့နေကြတာလေ ? နေပါဦး ! ယွန်းဂီ မင်းကိုဘယ်သူက ဒီအိမ်ထဲကို ဝင်လာခိုင်းလို့လဲ ။ "

သခင်လေးက အမိန့်ဟန်ပါပါဖြင့် သူ့အားအဆင့်အတန်းခွဲခြားနေသည် ။

" မဟုတ်ရပါဘူး... ဖေဖေကိုယ်တိုင် ညီလေးကို နေ့လည်နေ့ခင်းသိပ်ဖို့ မှာထားလို့ ကျွန်တော်လာခေါ်တာပါ ။ ပိစိလေးရေ ဟျောင်းနဲ့အတူ အိပ်ကြရအောင်လေ "

" အဲ...ခစ်... "

သူ့အကိုအသံကြားတော့ အသံပေးလာတဲ့ နီတာရဲကြောင့် သူစိတ်ဆိုးမိပါသည် ။

" မသွားရဘူး ! နီတာရဲကို ငါနဲ့သိပ်မှာ ! ငါကိုယ်တိုင် ချော့မော့သိပ်မယ် ။ မင်းဒီအိမ်ပေါ် မလာနဲ့ ! ငါမကြိုက်ဘူး ! "

Young Love ( Completed )Where stories live. Discover now