EPISODE - 14

2.1K 225 42
                                    

( Zawgyi )

ညနေလောက်ရောက်မှ ထယ်ယောင်းတို့ ပြန်ရောက်လာသည် ။ အကြောင်းကား နီတာရဲ့ဆော့ဂျင်းဟျောင်းဟာ အွန်ဝူးဆိုတဲ့ ကောင်လေးနဲ့ စကားပြောနေခဲ့တာ ။
ပြန်ရောက်ကြတော့ နီတာရဲကဖေ့ဖေ့အတွက်ဆိုကာ ဆိုင်ကနေ အွန်ဝူးထည့်ပေးလိုက်သော ကြက်ကြော်ထုပ်ကိုကိုင်ကာ ဖေဖေအိပ်နေတဲ့ နေရာကိုလာလေသည် ။

" ဖေဖေရေ ! သားပိစိရောက်ပါပြီခင်ဗျ ။ ဖေဖေ့အတွက် ကြက်ကြော်ဝယ်လာပေးတယ် ။ အွန်ဝူးက ဖေဖေ့အတွက်ထည့်ပေးလိုက်သေးတယ် ။ ပြောလိုက်သေးတယ် ။ ဖေဖေ့ကိုနေကောင်းအောင် နေတဲ့လေ ။ သူနောက်နေ့ လာတွေ့မယ်တဲ့ ။ "

" အော်..အင်း... ကျေးဇူးပါပဲ သားရယ် ။ သားရော စာလုပ်ရတာ အဆင်ပြေလား ။ "

" ပြေပါတယ် ဖေဖေ ။ ဟျောင်းရော လာသေးရဲ့လား ဖေဖေ့ရှီကို ။ "

" လာပါ့ဗျာ အဟွတ် ! အဟွတ် ! "

" ဖေဖေ သက်သာရဲ့လားဗျာ ။ ဟင့် !ဂျင်ဟျောင်းကို ခေါ်ပေးမယ်လေနော် ။ "

" သား...ရ... "

မင်ကအသက်ကြီးလာတော့ အသက်အရွယ်က စကားပြောလာပြီလေ ။ သည်တော့လည်း နာမကျန်းဖြစ်တော့တာပေါ့ ။ ဒါတောင် အိပ်ရာထဲလဲနေတာ တစ်ပတ်ကျော်လောက်
ရှိလေပြီ ။ သူ့သားနှစ်ယောက်ရှေ့မှာကျ ရတဲ့အလုပ်လေးထွက်လုပ်ပြကာ ပြုံးပြုံးလေးနေပြသေးသည် ။

" ကိုကို ! ကိုကို ! ဂျင်ဂျင်ဟျောင်းရော ! "

အိမ်တော်ကြီးထဲအပြေးလာကာ ဆိုဖာပေါ်၌ထိုင်ကာ အမောဖြေနေသော ထယ်ယောင်း၏ လက်မောင်းကိုလှုပ်ကိုင်ကာ သူမေးနေလေသည် ။

" ဟာ့ ! နေပါဦးကွာ ! ဟျောင်းကအခန်းထဲမှာ ။ ဘာဖြစ်လို့ခေါ်တာလဲ ။ ကိုယ့်ကိုပြောဦး ! "

" ဟင့်အင်း ! အဲ့ဒါအရေးမကြီးဘူး ကိုကိုရဲ့ ! ဖေဖေ ချောင်းဆိုးနေတယ် ။ ကိုကိုရယ် ! "

" ရပြီ ! ငါကြားတယ် ! သွားလိုက်မယ် "

အပေါ်ထပ်ကဆင်းလာသော ဆော့ဂျင်မှာ ဂျောင်ဂုရဲ့အသံကိုကြားလို့ထင် ချက်ချင်းကို ဆေးအိတ်ကြီးကိုင်ကာ အိမ်တန်းလျားကို အမြန်ပြေးသွားရသည် ။ ကျန်ခဲ့တဲ့ နီတာရဲက စိတ်မကောင်းဖြစ်နေလေသည် ။

Young Love ( Completed )Where stories live. Discover now