EPISODE - 35

1.8K 136 46
                                    

( Zawgyi )

တိတ်ဆိတ်နေသော VVIPအခန်းကျယ်ထဲတွင် နီတာရဲလေးသတိရလာဖို့ကို စောင့်ဆိုင်းနေကြသော အားလုံးဟာ ထလိုက် ၊ ထိုင်လိုက် ဖြစ်နေကြသည် ။ သားကတော့ အခုထိဓာတ်ကင်တဲ့အခန်းကနေ မထွက်ရသေးပါလေ ။ ကလေးကနုနုလေးမို့ ပိုးမွှားမပါအောင် သေချာသန့်စင်ပေးဖို့ နာရီအနည်းငယ်လောက်ထားရသည်တဲ့ ။

ဆော့ဂျင်းဟျောင်းကပြောသည် ။
သားကလမစေ့ဘဲ မွေးတာတောင် ကျန်းကျန်းမာမာရှိတယ်တဲ့ ။ ကိုယ်လက်အင်္ဂါအစုံလည်းပါတယ်ဆိုမှ အပူလုံးကြီးကျသွားသည် ။ အခုလည်း အခန်းထဲတွင် မာမီတို့ရယ် ၊ ယွန်းဂီတို့ရယ် ၊ ဟိုဆော့ရယ်ကျွန်တော်ကပါ နီတာရဲလေးနိုးလာဖို့ကို စောင့်နေကြသည် ။

ချပ် !

" ထယ်ယောင်းရေ မင်းရဲ့မုန်လာဥနီလေး ရောက်လာပြီကွ ! "

ထယ်ယောင်းက သားကိုယူလာတဲ့အနား သွားဖို့ရှိသေး မာမီတို့က လှည်းထဲရှိသားကို ပွေ့ချီလိုက်တော့ ထယ်ယောင်း ခဏရပ်ကြည့်နေလိုက်သည် ။

" ဖွားမြေးကလေ သားထယ်မှသားထယ်ရုပ် ! သူ့ဒယ်ဒီငယ်ငယ်ကလိုပဲ တစ်ပုံစံထည်းပဲနော်... "

သခင်မကြီးက သူ့မြေးအား အသည်းတစ်ယားယားဖြင့် သူ့သားနှင့်တူကြောင်း ပြောသည် ။ ထယ်ယောင်းကတော့ သူနဲ့တူသည်ကို ကြားလိုက်ရတာကြောင့် မျက်နှာကတော့ ဂုဏ်ယူနေသောမျက်နှာထားဖြင့် ခပ်ပြုံးပြုံး ။

" သားထယ်နဲ့ တစ်ပုံစံထည်းနော် ! ကြည့်ပါလားကွာ... အိပ်နေတာတောင် ကိုယ်တို့သားအတိုင်းပဲ ရုပ်ချောချော တည်တည်နဲ့ကွာ... "

သခင်ကြီးကပါချီရင်း သူ့မြေးရဲ့ချောမောကြောင်းကို ပြောလာတော့ ထယ်ယောင်းတစ်ယောက် နီတာရဲဘေးနားထိုင်ကာ ဂုတ်ပိုးကိုပွတ်နေပါသည် ။

" အန်တီ့ကျွန်တော့်ကိုပေးပါဦး ၊ ချီပါရစေ ကျွန်တော့်တူလေးကို... "

ယွန်းဂီကပါခွင့်တောင်းလာတော့ သခင်မကြီးက လက်လွှဲပေးလိုက်သည် ။ သည်တော့ ယွန်းဂီမှာ သူ့တူကို အသည်းတစ်ယားယားဖြင့်သာ ။ ဘေးက ဟိုဆော့နဲ့ဂျီမင်မှာလည်း နီရဲရဲတူလေးကို ကြည့်ကာ အသည်းယားနေပြန်ပါသည် ။

Young Love ( Completed )Where stories live. Discover now