( Zawgyi )
" ဂုကီး ! "
" အင်းပြောလေ... "
ကားမောင်းနေသောအွန်ဝူးမှာ ဖုန်းကြည့်နေသော ဂျောင်ဂုအား စကားစလိုက်သည် ။
" ခုနကမင်းဘယ်သူနဲ့ စကားပြောနေတာလဲ ? အသိလား ? "
သူခုနက ဂျောင်ဂုနဲ့စကားပြောနေတဲ့
ကောင်လေးတစ်ယောက်ကို သတိထားမိတာကြောင့် မေးလိုက်သည် ။" မသိပါဘူး ! မီးခြစ်မပါလာလို့ ဒေါသထွက်နေတာလေ ! ငါက စေတနာနဲ့ မီးခြစ်ဝယ်ပေးလိုက်တာကို အင်းတစ်လုံးပဲ ပြောတာလေ... ဖြစ်နိုင်ရင်လေ ငါလေအဲ့လူကို စိတ်ရှိလက်ရှိအော်ပြစ်ချင်တာ ။ ငါ့ကိုပြန်ထိုးသွားမှာဆိုးလို့ပါ "
" အော်...အေးပါ မင်းကိုတော့ လက်လန်ပါတယ် ! "
" ဒါနဲ့ ! အွန်ဝူး ! မင်းဆိုင်က ကြက်ကြော်က ရမ်းစားလို့ကောင်းလိုက်တာနော် ! ငါနောက်နေ့တွေလည်း ဟျောင်းနဲ့လာစားမယ် ! အထူးသဖြင့် ငါနဲ့အစားတူတဲ့ ဂျင်ဂျင်ဟျောင်းကို ခေါ်လာခဲ့မယ် သဘောတူလား "
" ဟော... ဂုကီးသဘော ! ဂုကီးသဘော ! "
" အင်းပါ ! အင်းပါ ! "
" ဒါနဲ့ ငါတို့အိမ်ပြန်ပဲ cafeဆိုင်ဝင်ကြမလား ? ငါ့အသိအမဆိုင်မှာကွာ
coffeeဝင်သောက်ကြမလား ? ဒါမှမဟုတ် ? ငါတို့အတွက် စာရေးကိရိယာပစ္စည်းတွေ သွားဝယ်ကြမလား ? "" အွန်ဝူးရယ်... ဒီနေ့တည်ဆောက်ပုံအကြောင်း အကြမ်းရေးဆွဲရမှာ မင်းမသိဘူးထင်တယ် ? "
" အာ...ဟုတ်သားကွာ ! မေ့နေတာ ! နောက်နေ့မှ အေးဆေးသွားတာပေါ့ ။ "
" အွန်း ! အွန်း ! "
သည်လိုနဲ့ကားမောင်းလာတာ ကင်မ်အိမ်တော်ဆီသို့ ရောက်လေပြီ ။ အွန်ဝူးကိုနှုတ်ဆက်ကာ လူတွေအားလုံး အလုပ်ရှုပ်နေတာကြောင့် အိမ်ထဲဝင်လာတော့ သန့်ရှင်းရေးတွေရော ၊ အနံ့မွှေးမွှေးဟင်းလျားတွေပါချက်နေသည့် အဒေါ်ကြီးအနားကပ်သွားကု စပ်စုလိုက်သည် ။
" အဒေါ်ကြီး ? ဘာလို့ဒီနေ့ ကင်မ်အိမ်တော်ကလူတွေ ထူးဆန်းနေတာလဲ ? "
" ပိစိလေး မသိသေးဘူးထင်တယ် ? ဟုတ်သား ? ပိစိလေးကျောင်းသွားနေတာကို ? "
YOU ARE READING
Young Love ( Completed )
Teen FictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။ ကိုကို့အချစ်တွေက ငယ်ငယ်ကထည်းက နီတာရဲကိုပေးထားပြီးသားပါ ။