Part 1

607 14 9
                                    

"မားမား...သားသွားတော့မယ်နော်"

"လမ်းကိုဂရုစိုက်သွားနော်ဝမ်လေး"

"ဟုတ်ကဲ့မားမား"

ရိပေါ်တစ်ယောက်လက်ကခွေးလေးကိုဆွဲကာလမ်းလျှောက်ထွက်လာခဲ့ကြတယ်။လမ်းအတော်ကြာလျှောက်ပြီးတစ်နေရာရောက်တော့ရပ်လိုက်တယ်

"ရိထျန်း ဒီနေရာကိုသဘောကျလား"

"ဝုတ်...ဝုတ်"

"ဟား...မင်းကသဘောကျတယ်ပေါ့လေ"

"ဝုတ်...ဝုတ်"

"ရိထျန်း...ခစ်ခိ...တော်တော့...ခစ်ခိခိ...
တော်တော့လို့ရိထျန်းဟားဟား"

ရိထျန်းကရိပေါ်ရဲ့လည်ပင်းလေးကိုလျှာလေးနဲ့လိုက်လျက်နေတော့ရိပေါ်တို့ယားပြီလေ။ရေကန်နားကမြက်ခင်းစိမ်းစိမ်းပေါ်မှာစိတ်လွတ်ကိုယ်လွတ်ဆော့နေတဲ့ကောင်လေးတစ်ယောက်နဲ့ခွေးလေးတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုမေ့နေကြပုံပင်။ညနေ နေဝင်ချိန်ပုစွန်ဆီရောင်ကောင်းကင်ကြီးက
ထိုပုံရိပ်လေးကိုပိုအသက်ဝင်အောင်ထောက်ပံ့ပေးနေသလိုပင်။ထိုပုံရိပ်လေးကိုမျက်တောင်မခတ်စိုက်ကြည့်နေသူကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပေ

~~~~~~~~~
~~~~~~~~~~~
"တောက်  အသုံးကိုမကျဘူး လုပ်ငန်းကိုဘယ်လိုလုပ်နေကြတာတုံး ဒီပုံစံအပြင်မင်း
တို့ဦးနှောက်တွေကဘာမှထွက်မလာဘူးလား
ဟမ်...ပြောကြစမ်းပါ"

"C..CE0...နောက်ထပ်...ပြန်...ပြန်လုပ်ခဲ့ပါ့
မယ်..တောင်း...တောင်းပန်ပါတယ်"

"မနက်ဖြန်အပြီးလိုချင်တယ် အေး ကောင်း
ကောင်းထွက်လာပလေ့စေနော် ငါမကြိုက်
လို့ကတော့နောက်နေ့လာစရာမလို့တော့ဘူး
သာမှတ်လိုက်တော့"

"ဟုတ်...ဟုတ်ကဲ့ပါ"

"သွားလို့ရပြီ"

CEO အမိန့်ရတာနဲ့ရုံးခန်းထဲရှိလူတွေအားလုံး
အလျင်အမြန်ပြေးသွားကြတော့တယ်။မ‌ပြေး
လို့လဲမရဘူးလေ။နေခဲ့ရင်ထပ်အဆူခံနေရမှာပေါ့။ရှောင်ကျန့်လဲစိတ်ကိုဖြေလျော့ပြီးခုံနောက်မှီကို မျက်လုံးမှိတ်ကာမှီချလိုက်တယ်။

'ဒေါက်...ဒေါက်...ဒေါက်'

တံ‌ခါးခေါက်သံကြားတာနဲ့ရှောင်ကျန့်မျက်စိဖွင့်လိုက်ပြီးသေချာထိုင်လိုက်ပြီးပြောလိုက်တယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now