မနက်မိုးလင်းတာနဲ့ရှောင်ကျန့်ရဲ့လုပ်ငန်းကဘေးနားမှာအိပ်ပျော်နေတဲ့ကလေးကိုကြည့်နေရတာသူ့အလုပ်တစ်ခု။အခုလဲလက်ထောက်ပြီးကြည့်နေမိပြန်တယ်။မနေ့ညနေကဖြစ်တဲ့အကြောင်းတွေးမိရင်သူ့အပြုံးတွေကမထိန်းနိုင်မသိမ်းနိုင်ဖြစ်နေမိတယ်။ဒီကလေးအကြောင်းတွေးပြီဆိုတာနဲ့သူ့နှုတ်ခမ်းတွေကအလိုလိုပြုံးမိသားဘဲ။ရှောင်ကျန့်အချိန်အတော်ကြာကြည့်ပြီးတာနဲ့ Morning kiss လေးပေးကာတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးတာနဲ့မနက်စာပြင်ဖို့အောက်ဆင်းကာမီးဖိုချောင်ထဲဝင်လိုက်တယ်။သူ့ကလေးကြိုက်တဲ့စားစရာလေးတွေကိုစနစ်တကျပြင်ဆင်ပေးနေမိတယ်။နွားနို့ကတော့မပါမဖြစ်ပေါ့။
ပျော်လွန်းလို့သီချင်းလေးဆိုရင်း ပြင်ဆင်နေမိတယ်🎵🎵 ကလေးထက်ချစ်ရတဲ့သူကမ္ဘာမှာမရှိသေးဘူးကလေးတစ်ယောက်တည်းကိုချစ်တာ Baby I Love you အပြုံးလေးတစ်ခုရဲ့အောက်မှာအရည်ပျော်နေရင်းရူး...နှုတ်ခမ်းပါးထက်ကအမိန့်ကိုမလွန်ဆန်နိုင်ရဲ့သူ...ဝေးဖို့အကြောင်းတွေကိုမတွေးနဲ့ တွဲလက်မဖြုတ်လို့အတူရှေ့ဆက် တခြားသော ဣထိရတွေစိတ်နဲ့တောင်မမှန်းရက်...ကလေးတွက်အချစ်တွေသာပေးမယ့် ဘေးနားအသင့်ရှိသူတစ်ယောက်အတွက် တခြားသောပုရိသတွေစိတ်နဲ့တောင်မမှန်းနဲ့ ဆံပင်တွေဖြူသွားကျိုးတဲ့အထိဆက်ပြီးချစ်နေမှာ...ဒီရင်မှာအချစ်တွေ ထာဝရထက်တစ်ရက်ပိုတာ ကမ္ဘာပေါ်မှာကိုယ့်ရဲ့အချစ်က ကလေးတစ်ယောက်ထဲအတွက်သာ အရာရာအားလုံး ကလေးရဲ့အချစ်ကြောင့်ပြောင်းလဲသွားခဲ့တာပါ....🎵🎵
ဒီတစ်ပိုဒ်တည်းကိုဘဲထပ်ခါထပ်ခါဆိုနေမိတယ်။နောက်တစ်ပိုဒ်ကသူ့နဲ့မကိုက်ဘူးလေး။ကိုယ့်မှာEXမှမရှိခဲ့တာ အဲ့တော့လေကုန်ခံပြီးဘာလို့ဆိုနေအုံးမှာလဲ။မနက်စာကိုစားချင်စဖွယ်လေးဖြစ်အောင်ပြင်ဆင်ပြီးတာနဲ့ရှောင်ကျန့်ရိပေါ်အိပ်နေတဲ့အခန်းဆီပြန်ဝင်သွားပြီး ကုတင်ပေါ်မှာအခုချိန်ထိအိပ်ပုတ် လေးလုပ်နေသေးတဲ့ကလေးလေးကို နှိုးရအုံးမယ်လေ။
"ကလေး ကလေးလေး..ကလေးလေးရေ"
"အင်းးးးး အဲ မားမား ထချင်သေးဘူးလို့"
YOU ARE READING
ကလေးက ကိုယ့်အတွက်အရာရာ
Romanceငေးမောကြည့်မိတဲ့တခဏအတွင်းစွဲလမ်းခဲ့မိတဲ့ပုံရိပ်လေးကို တဖြည်းဖြည်းပိုင်ဆိုင်ချင်စိတ်တွေတိုးလာတဲ့အခါ ဘယ်နည်းနဲ့ဖြစ်ဖြစ်ရယူတာမမှားဘူးမလား... ရှောင်ကျန့် အချစ်ဆိုတာဘာမှန်းမသိတဲ့အရွယ်မှာ နားမလည...