Part 16(Zawgi)

43 1 0
                                    

ရှောင်ကျန့်အိပ်နေတုန်း သူ့လက်ကတင်းကျပ်မှုနဲ့အတူအသက်ရှူသံပြင်းပြင်းတစ်ခု။ရှောင်ကျန့်မျက်လုံးဖွင့်ကာရိပေါ်ကိုကြည့်လိုက်တယ်။ချွေးစေတွေထွက်ကာ မှိတ်ထားတဲ့မျက်ဝန်းတစ်စုံနဲ့အတူ တွန့်ချိုးနေတဲ့မျက်ခုံးနှစ်ဖက်။နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘတ်တစ်ခုနဲ့အတူ ဖြူဖျော့နေတဲ့နှုတ်ခမ်းတစ်စုံကနေ ထွက်ကျလာတဲ့အမည်နာမတစ်ခု...

"ရိထျန်း...ရိထျန်း...ဒီဘက်ကိုမလာနဲ့...မလာနဲ့...ရိထျန်း..ရိထျန်း"

အသက်ရှူကြပ်သလိုဖြစ်နေတဲ့ပုံစံလေးကြောင့်ရှောင်ကျန့်ရင်ထဲပူလောင်လာပြန်တယ်။မတ်တပ်ရပ်ကာရိပေါ်လက်ကလေးကိုဆုပ်ကိုင်ရင်း သူပြောမိတယ်

"ကလေး...ကလေး ကိုယ်ရှိတယ် ကိုယ်ရှိတယ်"

တဖြည်းဖြည်းအသက်ရှူသံမှန်မှန်နဲ့ငြိမ်ကျသွားတဲ့ခန္ဓာကိုယ်လေးကြောင့်ရှောင်ကျန့်သက်ပြင်းမောချမိတယ်။ရှောင်ကျန့်ခုံပေါ်ပြန်ထိုင်ကာ ရိပေါ်ရဲ့နဖူးပေါ်ကထွက်လာတဲ့ချွေးစေးလေးတွေကိုသူ့လက်ကိုင်ပဝါလေးနဲ့တစ်ယုတယ သုတ်ပေးလိုက်တယ်။ပြီးတာနဲ့ရိပေါ်လက်ကလေးကိုကိုင်ကာသူ့ပါးပေါ်အပ်ရင်း မကြားမှန်းသိပေမယ့်စကားပြောမိတယ်

"ကလေး...ကလေးကိုအိပ်မက်ဆိုးမက်အောင်လုပ်တာဘယ်သူလဲကွာ အဲ့ဒီရိထျန်းဆိုတဲ့ကောင်က မင်းလေးကိုနာကျင်အောင်ဘာတွေလုပ်ခဲ့တာလဲ နိုးလာရင်ကိုယ့်ကိုပြောနော် ကိုယ်သူ့ကို ကလေးနာကျင်တာထက်ဆယ်ဆ‌နာကျင်အောင်ကိုယ်လုပ်ပေးမယ်
ကိုယ့်ကိုပြောနော် ကလေး"

ရှောင်ကျန့်ရိပေါ်မျက်နှာလေးကိုတစ်ဆိမ့်ဆိမ့် ကြည့်နေမိတယ်။

"ပြွတ်စ်... Good night ကလေး မြန်မြန်သတိရလာတော့နော်"

ရိပေါ်နှုတ်ခမ်းလေးကိုနမ်းပြီးတာနဲ့ သူလဲရိပေါ်ကိုတစ်ဆိမ့်ဆိမ့်ကြည့်ရင်း အိပ်စက်ခြင်းသို့။
🌸🌸🌸🌸🌸🌸🌸🌸🌸
မနက်ခင်းနေရောင်ခြည်ကရှောင်ကျန့်မျက်နှာပေါ်ကျရောက်လာတာနဲ့ နိုးပြီးသားပင်။ရှောင်ကျန့်လဲ ရိပေါ်နှုတ်ခမ်းကို မောနင်း ကစ် ပေးလိုက်တယ်

"Good morning baby"

ပြောပြီးတာနဲ့ ရှောင်ကျန့်ရေချိုးခန်းထဲကဝင်ကာ သွားတိုက်၊မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးတာနဲ့
ရေဇလုံလေးတစ်ခုနဲ့အဝတ်သေးသေးလေးတစ်ထည်ကိုင်ရင်းထွက်လာတယ်။ရိပေါ်ကို နူးညံ့တဲ့အဝတ်လေးကိုရေစွတ်ကာ သန့်စင်ပေးလိုက်တယ်။ပြီးတာနဲ့‌ကျိရမ်မနေ့ကယူလာတဲ့ အင်ကျီတွေထဲကတစ်ခုရွေးရင်း ရုံးသွားဖို့ပြင်ဆင်ရတယ်။သူလဲဘယ်သွားချင်ပါ့မလဲ အရေးကြီးအစည်းအဝေးကရှိသေးလို့သာသွားရတာ တကယ်ဆိုသူမသွားချင်ပါ။ဒီအလုပ်တွေကိုစိတ်နာမိတယ်။အလုပ်တွေကြောင့်သူ့ကလေးကဒီအခြေအနေထိရောက်ခဲ့ရတာမလား။ဒါပေမယ့်လဲ သူ့ကြောင့်ပါဘဲလေ။အလုပ်တွေက သက်မဲ့လေ။သူအပစ်စ်တင်တော့ရော ဘာထူးမှာတဲ့လဲ။ရုံးသွားဖို့ပြင်ဆင်ပြီးတာနဲ့ ဝမ်ပါးနဲ့ဝမ်မားအထုပ်တွေဆွဲကာဝင်လာတယ်။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now