Part 4

216 5 2
                                    

(ဒါကစာရေးသူရဲ့စိတ်ကူးထဲကအရာလေးတွေပါနော် တစ်ခြားတစ်ယောက်နဲ့တူနေရင်လဲပွင့်ပွင့်လင်းလင်းလာပြောနိုင်ပါတယ်နော် ဝတ္ထုထဲကတစ်ချို့အရာတွေက အပြင်မှာတစ်ကယ်ရှိချင်မှရှိမှာပါနော် ကြိုပြောထားတာပါ)
~~~~~~~~~~~~~~~
~~~~~~~~~
"အဲ့ဒါကဒီလိုသားရဲ့ဟွားချင်းကမားကိုပြောတယ် ပထမဆုံးကလေးနှစ်ယောက်က ယောကျာ်းလေးတွေ ဖြစ်‌နေတော့ မားတို့နှစ်ယောက်ကနောက်ထပ်ကလေးယူဖို့တိုင်ပင်ကြတယ် ဆေးခန်းကိုအတူတူသွားပြကြတော့ မားကနောက်ထပ်ယူလို့မရတော့ဘူး သားအိမ် အားနည်းလို့တဲ့ ဟွားချင်းကနောက်တစ်ယောက်ယူလို့ရသေးတယ် ဒါနဲ့ဟွားချင်းမွေးလာတော့လဲ ယောက်ျားလေးဘဲဆိုတော့မားတို့က ဘာမှမတတ်နိုင်ဘူးလေ အကြီးကောင်လေးအရွယ်ရောက်တော့ သူကစီးပွားရေးဘဲစိတ်ဝင်စားတာဆိုတော့သားနဲ့အဆင်ပြေတယ်ပေါ့ အစကသားကိုသူနဲ့စီစဉ်ထားတာ အဲ့အကြောင်းကိုပြောပြလိုက်တော့ သူ့မှာချစ်ရတဲ့သူရှိတယ်ဆိုပြီးမားတို့ကိုပြောတော့ မားတို့ကတိအတိုင်း တစ်ယောက်နဲ့တစ်ယောက်ချစ်ရင်လက်ထပ်ပေးမယ် ချစ်တဲ့သူကိုယ်စီရှိရင်လက်မထပ်ပေးဘူးဆိုတဲ့စကားအတိုင်းသူတို့ဘက်ကအဲ့ဒီအခွင့်အရေးကိုယူလိုက်တယ်
အဲ့တော့နောက်ထပ်အငယ်လေးကျန်သေးတယ်လေ အဲ့တာနဲ့သားကိုအငယ်လေးနဲ့စီစဉ်ပေးလိုက်တယ် တကယ်တော့အကြီးကောင်လေးမှာကချစ်တဲ့သူမရှိဘူး တစ်ချိန်ကျသားတို့လက်ထပ်ခဲ့ရင် မိသားစုနွေးထွေးမှုဆိုတာ ဘာမှန်းမသိဖြစ်လိမ့်မယ် ၂ယောက်စလုံးက အလုပ်ပဲစိတ်ဝင်စားကြတာဆိုတော့ ချစ်လာဖို့ကမဖြစ်နိုင်ဘူးလေ အဲ့တော့ဘဝတစ်သက်လုံးအလုပ်နဲ့ကုန်ဆုံးရမှာထက်စာရင်လွတ်လွတ်လပ်လပ်တစ်ကိုယ်တည်းနေတာကတော်သေးတယ်လေ အကြီး
ကောင်လေးနဲ့ဆန့်ကျင်စွာအငယ်ကောင်လေးကျတော့လည်း အလုပ်ကိုတစ်စက်ကလေးမှကိုစိတ်မဝင်စားတာ
သူ့စိတ်ထဲမှာရှိတာက စားမယ် ဆော့မယ် လျှောက်လည်မယ် ဒါတွေဘဲရှိတာ အနေဝေးပေမယ့် သူလေးအကြောင်းမားကအမြဲနားစွင့်နေတာ
မှတ်မှတ်ရရ မားတို့တစ်ခါဝမ်အိမ်ကိုသွားတော့ အငယ်လေးက ၄နှစ်၅နှစ်လောက်ဘဲရှိသေးတယ်ထင်တယ် မားတို့သူတို့အိမ်အလည်သွားတော့တကယ်ပျော်ခဲ့ရတယ် ကလေးလေးကဖြူစင်လွန်းတယ် မားသူလေးကိုစတွေ့တော့သူလေးကမားကိုပြုံးပြတယ်
အဲ့အချိန်မားရင်ထဲမှာအေးချမ်းသွားသလိုဘဲ အန်တီ မဂ်လာပါလို့နှုတ်ဆက်တော့ မားအလိုလိုပြုံးမိတယ် သူလေးက မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ အပြုံးမြင်အေးချမ်းပါစေဆိုတဲ့ဆု‌တောင်းနဲ့များမွေးလာတယ်ထင်တယ် ကလေးလေးကသူဌေးသား၊သခင်မျိုးရိုးဆိုပြီးမာနမကြီးဘူး အိမ်မှာရှိတဲ့အလုပ်သမားတွေအကုန်လုံးကိုတန်းတူဆက်ဆံတာ
ဆော့လိုက်တာလဲလွန်ရော မွှေလိုက်တာမှမပြောချင်မှအဆုံး သူလေးမွှေဆော့လို့ကတော့တစ်အိမ်လုံး အငြိမ်မနေရဘူး အရွယ်နဲ့မလိုက်အောင်ကတတ်တာလဲလွန်ရော မားတို့ကိုကပြလို့ မားတို့‌တောင်လက်ခုပ်တီးပေးရသေးတယ် သူကဝမ်အိမ်တော်ရဲ့ဆည်းလည်းလေးဘဲ သူလေးကိုမြင်တော့မားသားအပေါ်အပြစ်ရှိသလိုခံစားရတယ် တကယ်ဆိုကလေးအရွယ်ကဒီလိုဘဲဆော့ကစားနေသင့်တာမလား သားကတော့သိတတ်စအရွယ်ကတည်းက မားတို့စကားကိုတစ်ခွန်းမကျန်နားထောင်ခဲ့တာမလားအဲ့တာကြောင့် သားအိမ်ထောင်ရေးမှာသားကိုယ်တိုင်ချစ်တဲ့သူနဲ့ပဲ ဖြတ်သန်းစေချင်ခဲ့တာ ဒါကြောင့်မားတို့ကအိမ်ထောင်ရေးနဲ့ပတ်သတ်ရင်တော့တစ်ခွန်းမှသားကိုမပြောခဲ့တာ အမှန်အတိုင်းပြောရရင်သားကို သူလေးနဲ့လက်ထပ်ပေးချင်ခဲ့တယ် သားအလုပ်ကပင်ပန်းလို့အိမ်ပြန်လာရင်တော့ သူလေးကိုမြင်တိုင်း သားအမောပြေမယ်လို့ထင်မိတယ် သူလေးအနားမှာရှိရင်အလိုလိုပြုံးမိနေတာ အဲ့တော့မားစဉ်းစားတယ် ဒီကလေးလေးကသားအတွက်အဖော်ရတယ်ပေါ့ အကြီးကောင်ထက်စာရင် အငယ်လေးကပိုသင့်တော်တယ်ထင်တာ မားကအငယ်လေးနဲ့သားကိုနေရာချပေးဖို့စီစဉ်တော့ မင်ရန်နဲ့ဟွားချင်းက သဘောမတူချင်ဘူးလေ ဘယ်သူကရောသဘောတူချင်မှာလဲ ဒီလောက်ချစ်စရာကောင်းတဲ့သူလေးကို သူများမိသားစုထဲဘယ်သူကထည့်ပေးချင်မှာလဲ မားဆိုလဲထည့်‌မပေးချင်လောက်ဘူးလေ ဒါပေမယ့်အကြီးကောင်လေး တုန်းကလည်းသူတို့ဘက်ကအရင်ငြင်းထားတာမို့ မားတို့သဘောကိုမငြင်းဆန်နိုင်ဘူး သူတို့ကပြောတယ် တကယ်လို့ မားသားကသူတို့သားကိုချစ်တယ်ဆိုရင် မငြင်းဘဲပေးပါ့မယ်တဲ့ အဲဒီစကားတစ်ခွန်းဘဲပြောတယ် သဘောကတော့ မချစ်ရင်မပေးဘူးဆိုတဲ့သဘောပေါ့ အဲ့တာကြောင့်မို့ ဒီလက်ထပ်ပွဲကိုမားတို့ဖြစ်စေချင်ရင်သူတို့သဘောတူတူမတူတူ လိုက်လျောပေးရမှာဘဲလေ"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now