Part 23

151 3 2
                                    

မျက်စိရှေ့မှာ မြင်လိုက်ရတဲ့အရာလေးကြောင့် ရိပေါ်ထထိုင်မိသွားကာ လက်ကဆွဲယူရင်း ရှောင်ကျန့်ကိုတစ်အံ့တဩပြောမိတယ်

"ကိုကို...ကိုကို...ဒါဘယ်ကရလာတာလဲ"

ရိပေါ်တကယ်ပျော်သွားတာ။ကိုကိုယူလာပေးတဲ့ဝက်ဝံရုပ်‌ကြီးကြောင့်။ဒီ ဝက်ဝံရုပ်လေးက ဒီတိုင်းအရုပ်တစ်ရုပ်မဟုတ်ဘူး။အမှတ်တရတွေအများကြီးရှိတယ်။သူ့အတွက် အဖိုးတန်တဲ့ အမှတ်တရတွေပေါ့။

ဒီအရုပ်လေးက သူတို့မိသားစုလေးယောက်အတူတူလုပ်ခဲ့ကြတဲ့အရုပ်လေး။အရုပ်လုပ်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းကိုယ်တိုင်ဝယ်ကာ
စိတ်ကြိုက်ပုံဖော်ထားတဲ့အရုပ်လေးပေါ့။ပုံဆွဲသူလေးကတော့ ကျွန်တော်ရိပေါ်၊ ပါးက သူဆွဲတဲ့ပုံလေးအတိုင်းဖြစ်အောင် ပုံဖော်၊
ဘေးကနေ မားကအကြံပေး ၊ ကိုကြီးက ကူညီ၊ သူတို့အတွက် ပျော်စရာအချိန်လေးပေါ့။

ရိပေါ်စိတ်ကောက်ရင် ချော့လိုမရတဲ့ အခါမျိုးဆို ပါးက ဒီအရုပ်လေးနဲ့ချော့တယ်။ထူးတော့ ထူးဆန်းတယ်။ မနက်ရောက်ပြီဆို အရုပ်က ပျောက်သွားတတ်တယ်။ရှာလို့မတွေ့တော့ဘူး။တစ်အိမ်လုံးလဲ ကျွန်တော် ရှာဖူးတယ်။ဒါပေမယ့် မတွေ့ ဘူး။အခုတော့ ကိုကိုကဘယ်လိုရလာလဲမသိပါ။

ရှောင်ကျန့်ရင်ထဲအခုမှပဲ အလုံးကြီးကျသွားတာပင်။သူလေးစိတ်ဆိုးမပြေမှာကို ရှောင်းကျန့်ကစိုးရိမ်နေတာ။ဝမ်ပါးကိုသာ အကြိမ်ကြိမ် ဦးချမိတော့တယ်။သူ့ရဲ့ သဝန်တိုတဲ့စိတ်ကိုထိန်းဖို့လိုလာပြီဆိုတာ ရှောင်ကျန့်ကသိလုိက်ပြီဖြစ်သည်။ရှောင်ကျန့်က ကြမ်‌းပြင်ပေါ်ကိုဒူးတစ်ဖက်ထောက်ချကာ ရိပေါ်လက်လေးတစ်ဖက်ကို ကိုင်ရင်းပြောလိုက်တယ်

"ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီလား"

သူပြောမှ သတိရသွားတယ်ထင်ပါ့။လက်ထဲမှာဆုပ်ကိုင်ထားတဲ့လက်ဖဝါးလေးကို အမြန်ဆွဲထုတ်ကာ ဝက်ဝံကြီးကို ပိုက်ပြီး နှုတ်ခမ်းလေးဆူကာ တစ်ဖက်လှည့်သွားတဲ့အကောင်ပေါက်လေးက မျိုချပစ်ချင်စရာအတိ

"ဟွန့်...ဘယ်သူကစိတ်ဆိုးနေလို့လဲ"

ရှောင်ကျန့်သွားတွေပေါ်အောင်ပြုံးလိုက်တယ်။တစ်ဖက်လှည့်သွားတဲ့ကလေးကို ပခုံးကနေအသာလေးကိုင်ကာ ဆွဲလှည့်လိုက်တယ်။
အလိုက်သင့်လေးပါလာတဲ့ခန္ဓာငယ်လေး။မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ သူ့စီကိုတစ်ချက်မှကြည့့်မလာပဲ အရုပ်ပေါ်မှာပဲ‌အာရုံစိုက်ထားတဲ့ကောင်လေးကြောင့် သူပြုံးလိုက်မိတယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now