Part 3

221 8 2
                                    

ရှောင်ကျန့် meeting ခန်းမထဲဝင်ကာလမ်းလျှောက်နေတုန်း လေတစ်ချက်အဝှေ့မှာ စားပွဲခုံပေါ်ကနေကျလာတဲ့စာရွက်လေးက သူ့ခြေထောက်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ စာရွက်လေးတစ်ခု။ရှောင်ကျန့်အဲဒီစာရွက်လေးကိုကောက်ကြည့်လိုက်တဲ့အချိန်မှာ သူ့ဘဝမှာ ကံကြမ္မာဆိုတာက 'ငါသာလျှင် ငါ့ကံကြမ္မာရဲ့ဖန်ဆင်းရှင် 'လို့ သတ်မှတ်ထားခဲ့တာ။အခုတော့အဲ့ကံကြမ္မာဆိုတဲ့အရာကို ကျေးဇူး‌တင်လွန်းလို့ပါ။ဘာလို့အဲ့လိုပြောလဲဆိုရင် လေတစ်ချက်အဝှေ့မှာ သူ့ရှေ့ရောက်လာတဲ့စာရွက်လေးက
သူ့ဘဝရဲ့ အရာရာလို့သတ်မှတ်ထားတဲ့
ကလေးလေးရဲ့ကိုယ်ရေးအကျဉ်း မှတ်တမ်း စာရွက်လေး။စာရွက်လေးရဲ့ထိပ်မှာ ကလေးလေးပုံလေးပါလို့သာ သိရတာပါ။ရှောင်ကျန့်အဲ့ဒီစာရွက်လေးကို သူ့မှာပါလာတဲ့အိတ်လေးထဲ သပ်သပ်ရပ်ရပ်လေးထည့်လိုက်တယ်။

(ရှောင်ကျန့်လိုချင်တာရတယ်ဆိုတာက ကျောင်းရဲ့ဥက္ကဌဖြစ်လို့ပါ မရှင်းမှာစို့လို့ပြောပြတာပါနော်)

ရှောင်ကျန့်meeting ပြီးတော့ သူ့ကလေးရှိတဲ့အခန်းဆီ လာပြီး သူ့ကလေးကို‌ချောင်းကြည့်ကာ နောက်က ကပ်ပါလာတဲ့ ကျန်းချန်ကို ပြလိုက်တယ်

"ကျန်းချန် ဟိုမှာငါ့ကလေးလေး"

ကျန်းချန်လဲရှောင်ကျန့်ပြတဲ့နေရာကြည့်လိုက်တယ်။ကောင်လေးက ရှောင်ကျန့်ချစ်လဲချစ်ချင်စရာလေးပင်။ဖြူဥဖွေးနုပြီး မျက်နှာလေးကလဲချစ်စရာကောင်းလှသည်။ရှောင်ကျန့်နဲ့အဲ့ကောင်လေးကို တစ်လှည့်စီကြည့်ပြီးကျန်းချန် ပြုံးဖြီးဖြီး‌လုပ်နေတော့သည်။ရှောင်ကျန့်သူ့ကိုကြည့်ပြီးပြုံးဖြီးဖြီးလုပ်နေတဲ့ကျန်းချန်ကိုကြည့်ကာပြောလိုက်တယ်

"ငါ့ကို ဘာလို့လာကြည့်နေတာလဲ"

"ဟားဟား မဟုတ်ပါဘူး ငါ့သူငယ်ချင်းအကြိုက်က ထူးဆန်းလို့ပါ
မကြိုက်ဘူးဆိုရင် ဘယ်သူ့မှကိုလှည့်မကြည့်တတ်ဘူး ကြိုက်ပြန်တော့လဲ
အသက်မပြည့်သေးတဲ့ကလေးကိုကြိုက်နေတယ် နွားအိုမြက်နုကြိုက်ဆိုတဲ့ စကားပုံက မင်းကိုပြောတာနေမယ်
ခွီးး ဟားဟား"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now