Part 5

171 5 4
                                    

ကျိရမ်နဲ့ယွီပင်း ကတော့လည်ပင်းကိုရှည်လို့ ခေါင်းလေးတစ်မော့မော့နဲ့စောင့်နေကြပါတယ်။စောင့်နေရင်းယွီပင်းကကျိရမ်ကိုပြောလိုက်တယ်

"ရိပေါ်အခုချိန်ထိကိုရောက်မလာသေးဘူး ငါတို့နှစ်ယောက်စောင့်နေတာကြာလှပြီ ဘာဖြစ်လို့ရောက်မလာသေးတာမသိ‌ဘူးနော် ကျိရမ်"

"အေး ဟုတ်တယ်ကွ ခါတိုင်းဆိုဒီလိုနောက်မကျပါဘူး အရင်နေ့တွေတုန်းကသူအရင်ရောက်တာ ငါတို့နောက်ကျလို့ဆူတောင်ဆူသေးတယ် ပါးစပ်လေးကမပိတ်တော့ဘူး ပွစိပွစိနဲ့ပြောနေတာ ဂိမ်းဆော့ချိန်မှဘဲရပ်တော့တယ် ရောက်လာလို့ကတော့ ပြန်ဆူလိုက်အုံးမယ်"

"မင်းကလဲ ဆူမယ်ဆိုတာကြည့်ဘဲ ရိပေါ်ဘာဖြစ်လို့မရောက်လာသေးတာတုန်းမသိဘူး တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ စိတ်ပူမယ်မရှိဘူး ဆူဖို့ပြောနေတယ်"

ယွီပင်းကျိရမ်းကိုမျက်စောင်းတစ်ချက်ထိုးပြီးပြောကာရိပေါ်လာမယ့်လမ်းကိုတစ်မျှော်မျှော်ဖြစ်နေတော့သည်။ကျိရမ်ယွီပင်းကိုကြည့်ပြီးပြောလိုက်တယ်

"ယွီပင်း ရိပေါ်ကိုအဲ့လောက်စိတ်ပူမနေပါနဲ့ကွာ မင်းကြည့်ရတာလဲချစ်သူရည်စားစိတ်ဆိုးလို့လာမတွေ့မှာစိုးနေတဲ့အတိုင်းဘဲ ဟင်း..."

ကျိရမ်းစကားကြောင့် ယွီပင်းငြိမ်သက်သွားတယ်။ကျိရမ်းကဒီတိုင်းပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့

'ချစ်သူတဲ့ နာမည်လေးကြားရတာစိတ်ချမ်းသာလိုက်တာ မင်းပြောသလိုတကယ်ဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ ရိပေါ်နဲ့သူသာချစ်သူဖြစ်သွားရင် စိတ်ဆိုးလိုက်စမ်းပါ ရိပေါ်ကြိုက်သလောက်ဆိုးလိုက်စမ်းပါ ငါကျေကျေနပ်နပ်ကြီးချော့လိုက်အုံးမှာဟင်း..'

ယွီပင်းသူ့အတွေးနဲ့သူပြုံးရက်ဖြစ်သွားတယ်။ကျိရမ်းယွီပင်းကိုကြည့်လိုက်တော့ပြုံးနေတာမို့ ခေါ်လိုက်တယ်

"ယွီပင်း ယွီပင်း"

ကျိရမ်းခေါ်ပေမယ့် ပြန်ထူးသံမကြားတာမို့ ယွီပင်းကိုကြည့်ကာ ပခုံးကိုပုတ်ရင်းပြောလိုက်တယ်

"ဟျောင့် ယွီပင်း မတ်တပ်သေနေတာလား"

ကျိရမ်အော်သံနဲ့ပခုံးကိုပုတ်ခံလိုက်ရမှယွီပင်းအယောင်ယောင်အမှားမှားနဲ့ကမန်းကတန်းပြောလိုက်တယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now