Part 12

119 5 0
                                    

"ဟို လေ ဟို"

ရှောင်ကျန့်ကလေးရဲ့စကားအသွားအလာကိုကြည့်ပြီးစဉ်းစားလိုက်တယ်။

'ကလေးကအကြောင်းအရင်းမရှိဘဲနဲ့တော့ဒီလိုမမေးဘူး။ဒါမှမဟုတ် ကလေးကချစ်ရမယ့်သူတွေ့သွားလို့လား။ဟင့်အင်း ဒီလိုမဖြစ်ရဘူး သူကဘဲကလေးအချစ်တွေကိုပိုင်ဆိုင်ချင်တာ ကလေးက ကိုယ်ကလွဲပြီးဘယ်သူ့ကိုမှမချစ်ရဘူး ချစ်ရဲချစ်ကြည့် အဲဒီလူကိုကိုယ်က ငရဲထက်ဆိုတဲ့ဘဝကိုရောက်အောင်လုပ်ပစ်လိုက်မှာ ကလေးကိုပိုင်ဆိုင်ဖို့ကိုယ်ရဲ့အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားတဲ့ တစ်ဖက်ခြမ်းကိုပြဖို့ဝန်လေးနေမှာမဟုတ်ဘူး'

ရှောင်ကျန့်စကားလမ်းကြောင်းလွှဲလိုက်တယ်

"ဒီနေ့ အပြင်ထွက်ရတာပျော်လား"

ရိပေါ်လဲရှောင်ကျန့်ကိုဘယ်လိုစပြောရမလဲမသိတာနဲ့စဉ်းစားနေတုန်းသူ့ကိုမေးတဲ့မေးခွန်းကြောင့်ပြုံးကာပြောလိုက်တယ်

"အွန်း အများကြီးပျော်ခဲ့တယ် နေရာတွေလဲအများကြီးလျှောက်လည်တယ် မုန့်တွေလဲအများကြီးစားခဲ့ရတယ်"

ရိပေါ်ပြောပြီးတာနဲ့လက်ထဲမှာကိုင်ထားတဲ့ကြက်ကြော်လေးကိုပြန်စားနေလိုက်တယ်

"ပိုက်ဆံတွေကုန်သွားပြီလား"

"ဟင့်အင်း ကုန်သေးဘူး"

ရိပေါ်ကြက်ကြော်လေးစားရင်ခေါင်းရမ်းကာပြောလိုက်တယ်

"ကုန်သေးဘူးလား ဝမ်လေးဘဲပြောတော့နေရာတွေအများကြီးသွားတယ်မုန့်တွေလဲအများကြီးစားတယ်ဆို"

"ဟိဟိ အဲ့တာဝမ်လေးပိုက်ဆံတစ်ပြားမှပါဘူး ကျိရမ်နဲ့ယွီပင်းကရှင်းတာ"

"ဟုတ်ပါပြီ ကုန်ရင်ပြောနော် ကိုယ့်ကို"

"ဟုတ်"

ရိပေါ်လဲနောက်ထပ်မုန့်တွေတစ်မျိုးပြီးတစ်မျိုးစားနေလိုက်တယ်။ရှောင်ကျန့်ရိပေါ်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိတယ်။ဒီကလေးအိမ်ပြန်တာနောက်ကျနေတဲ့အကြောင်းအရင်းကိုသူမသိသေးဘူးလေ။ရိပေါ်စားနေရင်းတစ်ယောက်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားနေရတာကြောင့်ရှောင်ကျန့်ကိုကြည့်လိုက်တော့စိုက်ကြည့်နေတာမို့ ကိုယ့်မျက်နှာမှာဘာပေနေလဲဆိုတဲ့အတွေးကဝင်လာတယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now