Part 20

175 6 0
                                    

မနက်မိုးလင်းပြီဆိုတာနဲ့ရှောင်ကျန့်ရဲ့မျက်လုံးတွေကအလိုလိုပွင့်ပြီးသားပင်။သူ့ရင်ခွင်ထဲတိုးဝင်ကာ သူ့လက်မောင်းတစ်ဖက်ကိုခေါင်းအုံးလို့အိပ်နေတဲ့ ကလေးလေးက သူ့ဘဝရဲ့မနက်ခင်းတိုင်းကိုသာယာလှပစေတယ်။မြင်နေရတဲ့ပါးဖောင်းဖောင်းလေးကိုသူနမ်းလိုက်တယ်

'ရွှတ်'

မနက်၅နာရီလောက်က ကလေးကိုသူ့ညကအချစ်ကြမ်းထားတာတွေကိုသေချာလေးသန့်ရှင်းပေးပြီးသားပင်။အစိမ်းရောင်ကြိုက်ပါတယ်ဆိုတဲ့ကလေးကြောင့် အရင်ကတည်းကခင်းထားတဲ့အိပ်ယာခင်းအစိမ်းလေးအစား အသစ်တစ်ထည်အိပ်ယာခင်းအစိမ်းလေးနေရာယူပြီးထားပြီးဖြစ်သည်။သူ့ရဲ့အချစ်ကြမ်းမှုကြောင့်ပင်ပန်းနေတဲ့ကလေးက ရေတဘက် တိုက်ပေးတာတောင် တုတ်တုတ်မျှမလှုပ်ပါ။ရှောင်ကျန့် အိပ်ယာခင်းလဲပြီးတာနဲ့ ကလေးရဲ့‌ခရေပွင့်လေးကို ဆေးလေးလိမ်းပေးလိုက်တယ်။
သူ့ရဲ့တီရှပ်အင်္ကျီ အဖြူလေးကို ချည်ပွပွဘောင်းဘီအဖြူလေးနဲ့ဝတ်ထားပေးလိုက်တယ်။ဘေးတစ်စောင်းအနေအထားနဲ့လက်တစ်ဖက်ထောက်ထားတဲ့အပေါ်ကိုခေါင်းတင်ရင်းကလေးကိုကြည့်နေမိတယ်။သူမနေ့ညကပေးထားတဲ့ Love points လေးတွေကိုကြည့်ရင်း ရင်ထဲမှာတစ်သိမ့်သိမ့်ကြည့်နူးရပြန်တယ်။သူ့တီရှပ်ဝတ်ပေးထားတော့ လည်ပင်းပေါက်ကျယ်ကျယ်က ကလေးရဲ့ပခုံးတစ်ဖက်ပေါ်တဲ့အထိ လျောကျနေတယ်။ပေါ်နေတဲ့ လည်ပင်းသားလေးတွေနဲ့ပခုံးလေးတွေမှာလဲ နီညိုရောင်သန်းနေတဲ့အချစ်အမှတ်အသားတွေက လှချင်းတိုင်းလှနေတော့သည်။ရှောင်ကျန့် ရိပေါ်ရဲ့ ပေါ်နေတဲ့ပခုံးသားလေးတွေပေါ်ကအချစ်အမှတ်အသားလေးတွေကို အနမ်းဖွဖွလေးပေးလိုက်တယ်။ဖြူဥဝါဝင်းနေကာပန်းသွေးရောင်ကြွနေတဲ့ပါးဖောင်းဖောင်းလေးနဲ့နှုတ်ခမ်းဖူးဖူးလေးက အသက်ရှူမှားလောက်စရာ။စောင်လေးကိုခါးထိပဲခြုံပေးထားတာမို့ မှန်ပြတင်းပေါက်ကနေထိုးထွက်လာတဲ့ နေရောင်တစ်စွန်းတစ်စက သူ့ရှေ့မှာအိပ်ပျော်နေတဲ့လူသားလေးရဲ့အလှတရားကို ပိုမိုလှပအောင်ဖြည့်စွက်ပေးနေသလိုပင်။အရောင်စုံတဲ့ပန်းချီကားလေးတစ်ချက်သဖွယ် လှပလွန်းတာမို့ အကြည့်မလွှဲချင်လောက်အောင် လှပလွန်းတယ်။ရှောင်ကျန့်အချိန်အတော်ကြာကြည့်နေချင်သေးပေမယ့် ကလေးနိုးလာရင် ဗိုက်ဆာနေမှာစိုးတာကြောင့် မနက်စာပြင်ဖို့အောက်ဆင်းရအုံးမှာပင်။ကလေးနိုးလာရင် အနားမှာသူရှိနေဖို့လိုအပ်တယ်။ရှောင်ကျန့် ရင်ခွင်ထဲကကလေးကိုအနမ်းတစ်ပွင့်ပေးကာ အသာလေးဆွဲထုတ်လိုက်တယ်။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now