Part 14

136 7 3
                                    

ရိပေါ် လဲရှောင်ပါးနဲ့ရှောင်မားပြန်သွားတာနဲ့ သူငယ်ချင်းတွေကိုအိမ်ထဲခေါ်လိုက်တယ်

"ဟျောင့်တွေ လာကြတော့"

"ဝမ်ဝမ် ခုဏကဘယ်သူတွေလဲ"

လမ်းလျှောက်နေရင်းယွီပင်းကမေးတာမို့ခုံပေါ်ထိုင်ရင်းရိပေါ်ဖြေလိုက်တယ်

"လူကြီး ရဲ့ ပါးနဲ့မားလေ ငါ့ကိုအဖော်လာလုပ်ပေးတာတဲ့"

"ဪ"

"ပေါ်ပေါ် မင်းရဲ့ အထုပ်တွေကများလှချည်လား ဝိုင်းသိမ်းပေးရအုံးမလား"

ကျိရမ်ပြောလိုက်တယ်

"ကောင်းတာပေါ့"

"ငါလဲကူမယ်လေ"

ကျိရမ်နဲ့ရိပေါ်စားပွဲပေါ်မှာတင်ထားတဲ့မုန့်ထုပ်တွေဆီသွားရင်း နောက်ကယွီပင်းလဲပြောရင်းလိုက်လာတော့တယ်။ကျိရမ်ပြောလိုက်တယ်

"ခုဏက မင်းရဲ့ယောက္ခမတွေပေါ့ ငါတို့ရမ်းသန်းဝင်မလာတာကောင်းသွားတယ် ဒါတောင်ယွီပင်းက ဝင်မယ်လုပ်နေလို့တားရသေးတယ်"

"ဟားဟား မင်းတို့ကလဲကွာ ပါးနဲ့မားကသဘောကောင်းပါတယ်ကွ"

"ငါတို့ကမသိဘူးလေကွာ"

"အေးပါကွာ အဲ့ထဲကမုန့်တွေစားချင်တာယူစားနော်
အများကြီးဘဲဆိုတော့လေ"

"ဒါမျိုးဆိုကျိရမ်တို့က ဆွဲပြီးသားဘဲ မင်းမပြောလဲငါက စားမှာဘဲ"

"ငါ့သူငယ်ချင်းအကြောင်းငါအသိဆုံးပါကွာ"

အချိန်ခဏလောက်ကြာတော့ အထုပ်တွေသူ့နေရာသူသိမ်းပြီးတာမို့ မုန့်ထုပ်အနည်းငယ်ယူကာဧည့်ခန်းဘက်ထွက်လာရင်းသုံးယောက်စလုံးထိုင်လိုက်ကြတယ်။ယွီပင်းမေးလိုက်တယ်

"ဝမ်ဝမ် တခြားလူတွေရော တစ်ယောက်တည်းနေတာလား"

ရိပေါ်မုန့်ထုပ်လေးဖောက်ရင်း မုန့်စားကာဖြေလိုက်တယ်

"မဟုတ်ဘူး ကြီးမေနဲ့ဦးလေးကြီးရှိတယ် ဦးလေးကြီးကခြံနောက်မှာသန့်ရှင်းရေးလုပ်နေတာလေ ကြီးမေကတော့ လျှော်စရာဖွတ်စရာတွေ လုပ်နေတာလေ"

"ဪ စားဖို့ကျတော့ဘယ်သူချက်တာလဲ"

"မသိဘူး ငါ့အတွက်လူကြီးချက်တာတော့မြင်ဖူးတာဘဲ လူကြီးတော့ဘယ်သူချက်တာစားလဲမသိပေမယ့် သူလဲငါနဲ့အတူတူစားတာများတော့ သူကိုယ်တိုင်ချက် သူကိုယ်တိုင်စားနေမှာပါ"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now