Part 18

75 1 0
                                    

ရိပေါ်သတိရလာပြီး နှစ်ရက်လောက်နေတော့ ဆေးရုံမှာမနေချင်တော့ပါဘူးဆိုတဲ့ကလေးကြောင့်
ရှောင်ကျန့် ‌ညနေခင်းမှာအိမ်ကိုပြန်လာခဲ့တယ်။အခုလဲအိမ်ရောက်ရောက်ခြင်း ဧည့်စတီခုံပေါ်ထိုင်ကာ ကြီးမေလာချပေးထားတဲ့အသီးတွေကို တင်ပလ္လင်ခွေကာ ထိုင်‌စားနေတယ်။အခုချိန်ထိရှောင်ကျန့်ကို စကားမပြောလာသေးဘူး။သူလေးကအစားနဲ့တွေ့ရင်ဘာမှကိုအာရုံမထားတော့တာ ရှောင်ကျန့်သိလာတယ်။‌ရိပေါ်စားနေတာကိုကြည့်ရင်း ရှောင်ကျန့်ဆေးရုံမှာ ရိပေါ်ရဲ့အမူအကျင့်လေးတွေကိုပြန်တွေးမိတယ်။ကလေးက ဆေးထိုးရမှာ ကြောက်တယ်။သတိမေ့တဲ့အချိန်တုန်းက အလွယ်တကူဆေးထိုးလို့ရခဲ့ပေမယ့် သတိရလာတဲ့အချိန်တွေမှာ ဆေးထိုးရတာ သိပ်ကိုခက်ခဲခဲ့တာ။ဆေးထိုးတဲ့အချိန်တိုင်းသူ့ကိုအားကိုးတကြီး ကြည့်လာတဲ့အကြည့်တွေကို သူကသိပ်မြတ်နိုးတာ။ကိုယ့်ကို ကလေးကအားကိုးလာပြီဆိုတဲ့အသိကြောင့် သူ‌အတိုင်းမသိပျော်မိတယ်။ဆေးထိုးလိုက်တိုင်းငိုလို့ရှောင်ကျန့်ကလေးတစ်ယောက်လိုပွေ့ချီကာ ကျောလေးပွတ်ပေးရင်း လမ်း လျှောက်ကာချော့သိပ်ခဲ့တာကို ရှောင်ကျန့်ကသိပ်ပျော်တာ။အိပ်‌ပျော်သွားလို့‌နိုးလာရင်လဲသူ့နားမှာ မိသားစုဝင်တစ်ယောက်ယောက်ရှိနေရမယ်ဆိုတာ ရှောင်ကျန့်သိလာတယ်။မနက်ခင်းအချိန်ပေါ့ သူက‌ ကလေးနိုးလာရင်စားဖို့ ပေါက်စီ၊နွားနို့၊ဖက်ထုပ် တစ်ခြားစားစရာလေးတွေ‌သွားဝယ်တာ။အဲ့တာဝယ်ပြီးပြန်လာတော့ သူအခန်းထဲဝင်လာတာနဲ့ ကုတင်ပေါ်မှာငုပ်တုတ်လေးထိုင်ကာ သူ့ကိုမြင်တော့ မျက်ဝန်းလေးတွေမှာ တစ်ဖြည်းဖြည်းစုလာတဲ့အရည်လေးတွေ များလာပြီး ပါးပြင်နုနုလေးပေါ် ဖြတ်သန်းစီးဆင်းလာတာနဲ့တစ်ပြိုင်တည်း ကြူကြူပါအောင်အော်ငိုလာတဲ့ကလေးကြောင့် ရှောင်ကျန့် အထုပ်လေးတွေ အလျင်အမြန်စားပွဲပေါ်တင်ကာ ကလေးရှိရာအပြေးလေးသွားရတယ်

"အီးဟီးဟီးးးး အင့် ဟင့်ဟင့် ဟီးဟီးးးးးး"

"ကလေး ဘာလို့လဲ ဘယ်နားကနာလို့လဲ ဟင် ကိုယ့်ကိုပြော ကလေး"

ရှောင်ကျန့်ရိပေါ် ပခုံးလေးကိုကိုင်ကာ စိုးရိမ်တကြီးပြောမိတယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now