Part 22 (Zawgi)

40 0 0
                                    

"အဟင်းဟင်းးး မားတို့က ကတိတစ်ခုကြောင့်နဲ့ဝမ်လေးကိုသားဆီမှာ လွယ်လွယ်ပေးခဲ့တာမဟုတ်ဘူးသားကျန့် ဝမ်လေးအနားမှာ လူတစ်ယောက်ရှိနေဖို့အမြဲလိုအပ်တယ်သား အမှောင်ကြောက်တတ်တဲ့ကလေး၊အကောင်တွေကြောက်တတ်တဲ့ကလေး၊သရဲကြောက်တတ်တဲ့ကလေး၊စိတ်ဒဏ်ရာများတဲ့ကလေး၊

နာကျင်မှုတွေဝမ်းနည်းမှုတွေကိုဖုံးကာပျော်ပျော်နေတတ်တဲ့ကလေး၊သူတစ်ပါးစိတ်ချမ်းသာဖို့ဆို သူအဆင်မပြေဘူးဆိုရင်တောင် ကူညီပေးမယ့်ကလေး၊သူ့ကြောင့်အဆင်မပြေဖြစ်မှုတွေကိုမလိုလားတဲ့ကလေး၊ဟန်ဆောင်မှုတွေ လိမ်ညာမှုတွေကိုကွဲကွဲပြားပြားမသိသေးတဲ့ကလေး၊ကလေးတစ်ယောက်အတွေးတွေနဲ့အမြဲကူညီတတ်တဲ့ကလေးကို လောကကြီးထဲ တစ်ယောက်တည်းထားခဲ့ရမှာစိတ်မချဘူးသားကျန့်

လောဘတရားတွေ မကောင်းမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီလောကကြီးမှာ ဝမ်လေးက မူကြိုကလေးသာသာပဲရှိတာ မားတို့ကအသက်ကြီးပြီသားကျန့် မားတို့ဘယ်ချိန်သေမလဲမပြောနိုင်ဘူး လူကြောင့်လား လက်နက်ကြောင့်လား မတော်တဆကြောင့်လား အမျိုးမျိုးသောအကြောင်းအရာတွေကြောင့် တစ်ခုခုဖြစ်သွားနိုင်တယ်မလား

အဲ့လိုဖြစ်သွားခဲ့ရင်ဝမ်လေးကိုထားခဲ့ရမှာစိတ်မချဘူးသား မားတို့မရှိရင်သားကြီးရှိတယ် သိတယ် ဒါပေမယ့် ဝမ်လေးအကြောင်းသူကမားတို့လောက်မသိဘူး သားကြီးသိတာက ဝမ်လေးကအစားစားရတာကြိုက်တယ် အိပ်ရတာကြိုက်တယ် ကစားရတာကြိုက်တယ် ဒီလောက်ပဲ ဝမ်လေးရဲ့မျက်နှာလေးကိုကြည့်ပြီးဝမ်လေးစိတ်ထဲဘာတွေခံစားနေလဲ ဘာဖြစ်ချင်နေတာလဲဘာလုပ်ချင်နေတာလဲ ဆိုတာသူမသိဘူးသား အနေဝေးတာလဲပါတာပေါ့ ဘာလို့မင်းကိုရွေးချယ်ခဲ့လဲသိလား"

ရှောင်ကျန့်ခေါင်းရမ်းပြလိုက်တယ်။တကယ်သူမသိဘူး။

"မင်းကကျမတူဘူး မိသားစုချစ်ခြင်းနဲ့လက်တွဲဖော်ချစ်ခြင်းကမတူဘူး တကယ်ချစ်တဲ့သူတွေက ကိုယ်ချစ်တဲ့သူရဲ့မျက်ဝန်း၊အမူအရာ လေးတွေကြည့်ပြီး ဘာဖြစ်ချင်နေလဲ ဘာတွေးနေတာလဲ သိနိုင်တယ် ဘာလို့ဆို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီးချစ်နေမိလို့ စိတ်လှုပ်ရှားရင် ဘယ်လိုအမူအရာလေး အဲ့လိုမျိုးပေါ့

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now