Part 7

149 4 0
                                    

ဟောက်ရွှမ်းမှာအလွန်အမင်းအံ့ဩနေတော့သည်။ရိပေါ်အပါအဝင်ကျန်တဲ့လူ‌အားလုံး ဟောက်ရွှမ်းအသံကြောင့်
အကြည့်တွေဟောက်ရွှမ်းဆီစုပြုံသွားတော့သည်။ရိပေါ်မေးလိုက်တယ်

"ဟို ကျွန်တော်နာမည်ကတစ်ခုခု‌ဖြစ်လို့လား"

"အာ...ဟဲဟဲ မဖြစ်ပါဘူး ဒီတိုင်း နာမည်တူတဲ့လူတစ်ယောက်ကိုစဉ်းစားမိသွားလို့ပါ"

"ဪ ဟုတ်လား ကိုကြီး ဝမ်ဝမ်နဲ့ နာမည်တူတဲ့လူရှိတယ်တဲ့ မြင်ချင်လိုက်တာ ဘယ်လိုပုံစံလဲဆိုတာ ဟီးဟိ"

ရိပေါ်သူ့ကိုကြီးကိုလှည့်ပြောလိုက်တယ်။ဟောက်ရွှမ်းစကား‌လမ်းကြောင်းလွှဲလိုက်တယ်

"ကိုယ်လဲ တွေ့ရတာဝမ်းသာပါတယ်နော် ရိပေါ်"

"အာ ဟုတ်ကော ဒါကကျွန်တော့်သူငယ်ချင်းတွေပါ ကျိရမ်နဲ့ယွီပင်းတဲ့"

ဟောက်ရွှမ်းရိပေါ်‌မိတ်ဆက်ပေးတဲ့နှစ်ယောက်ကိုကြည့်လိုက်တယ်။ကျိရမ်နဲ့ယွီပင်းကရိပေါ်‌မိတ်ဆက်ပေးတဲ့ဟောက်ရွှမ်းကိုကြည့်ကာပြုံးပြီးနှုတ်ဆက်လိုက်တယ်

"ယွီပင်းပါ ‌တွေ့ရတာဝမ်းသာပါတယ်"

"ကျိရမ်ပါ‌ တွေ့ရတာဝမ်းသာပါတယ်"

ကျိရမ်ကိုမြင်တာနဲ့ဟောက်ရွှမ်းတစ်ယောက်ရင်တွေခုန်ပြီလေ။ရမ်ရမ်လေးရဲ့အပြုံးမှာကြွေဆင်းကုန်ပြီလေ။

"ကဲ မိတ်ဆက်ပြီးပြီ‌ဆိုတော့ ဟောက်ရွှမ်း ကျွန်တော်တို့ကိုခွင့်ပြုပါအုံး ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့ဗျာ"

ရှီချန်းပြောပြီးတာနဲ့ရိပေါ်ပခုံးလေးကိုဖက်ကာကားဆီသို့ထွက်လာကြတော့သည်။ကျန်ခဲ့တဲ့ဟောက်ရွှမ်းမှာတော့ပြုံးကာတစ်ယောက်တည်းရေရွတ်လိုက်မိတယ်

"ပြန်ဆုံရအုံးမှာပါဗျာ"

လို့ပြောရင်းခုံပေါ်ထိုင်ကာ ကျန်းချန်ကိုစောင့်နေတော့သည်။ခဏကြာတော့ကျန်းချန်ရောက်လာကာ

"ဟျောင့် Sorry ကွာ ငါနဲနဲနောက်ကျသွားတယ်"

"ရပါတယ်ကွာ မင်းနောက်ကျတာကိုငါကျေးဇူးတင်ရအုံးမှာ"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now