Part 9

151 2 0
                                    

မနက်ရောက်တော့နေမင်းကြီးထွက်ပေါ်လာကာ ငှက်ကလေးများရဲ့ကျီကျီကျာကျာ အသံများဟာ မနက်ခင်းအလှကို ပိုပြီးအသက်ဝင်စေတယ်။အရှေ့အရပ်ကနေထွက်လာတဲ့နေမင်းကြီးရဲ့အလင်းရောင်ဟာ အိပ်ယာပေါ်မှာအိပ်နေတဲ့လူသားလေးနှစ်ယောက်ဆီကို ဖြာကျချင်ပေမယ့် ဖုံးကွယ်ထားတဲ့ခန်းဆီးလိုက်ကာကြောင့် မကျရောက်နိုင်ပေ။ရှောင်ကျန့်ကစီးပွားရေးသမားပီပီ အစောကြီးနိုးနေတာ အဆန်းတော့မဟုတ်ပါ။ရှောင်ကျန့်မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ဘဲ အရင်ဆုံးကြည့်မိတာက သူ့ရင်ခွင်ထဲကိုတစ်ကိုယ်လုံးပစ်ဝင်ထားတဲ့ကလေးလေးကိုကြည့်ပြီး နှုတ်ခမ်းတွေကအလိုလို တွန့်ကွေးကုန်တော့သည်။သူ့ရင်ဘတ်ကိုပါးလေးအပ်ပြီးအိပ်နေတဲ့ ကလေးလေးကိုကြည့်ပြီး အိပ်နေတာတောင်စူထွက်နေတဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။

'ပြွတ်စ်'

"Good morning baby"

ရှောင်ကျန့်ကလေးကိုဆက်ကြည့်နေလိုက်တယ်။ဖောင်းနေတဲ့ပါးလေးနှစ်ဖက်၊ညကငိုထားလို့မို့အစ်နေတဲ့မျက်ခွံလေးနှစ်ခု၊ရဲစွေးနေတဲ့နှုတ်ခမ်းလေး၊ဖြူစွတ်ဝင်းမွတ်နူးညံ့နေတဲ့အသားအရေ ကိုပိုင်ဆိုင်ထားတဲ့ကိုယ့်ရဲ့ချစ်မဝလေး။

'ကလေး မင်းလေးက အရမ်းဖြူစင်လွန်းတယ်ကွာ ဘာအရောင်မှမရှိသေးတဲ့ ကလေးရဲ့နှလုံးသားကို အရောင်ပြည့်ပြည့်စုံစုံနဲ့လှပအောင် ဆွဲပေးမယ့် ကလေးရဲ့ပန်းချီဆရာအဖြစ်ကိုယ့်ကိုလက်ခံပေးနော် လက်မခံလဲ ကိုယ်က ကလေး လက်ခံအောင်လုပ်ယူမှာ ကိုယ်ကမင်းလေးကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာ ကလေးသိဖို့လိုအပ်တယ် မင်းလေးကကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ချစ်တယ် ရင်နဲ့မဆန့်အောင်ကိုချစ်တာ ချစ်တာထက်မြတ်နိုးတာဆိုပိုမှန်လိမ့်မယ် ကလေးသာကိုယ့်အနားရှိနေမယ်ဆိုရင် ဘာဘဲစွန့်လွှတ်ရစွန့်လွှတ်ရ ကိုယ်စွန့်လွှတ်ဖို့ဝန်မလေးဘူး ကိုယ့်အသက်ဆိုရင်တောင်ပေးဖို့တုံ့ဆိုင်းနေမှာမဟုတ်ဘူး ဒါပေမယ့် ကလေးကကိုယ့်အနားမှာရှိနေဖို့တော့လိုအပ်တယ်နော် ကလေးကကိုယ့်အတွက်အရာရာပါကွာ'

ရှောင်ကျန့်အတွေးထဲဘယ်လောက်နစ်မြုပ်သွားတယ်မသိ။ရင်ခွင်ထဲကအကောင်ပေါက်လေးက တအင်း အင်း တအဲ အဲ အသံထွက်ကာ လှုပ်လာမှသတိပြန်ရလာသည်။ရှောင်ကျန့်ပြုံးလိုက်တယ်။တကယ့်ကလေးလေး။ မျက်လုံးတွေမှိတ်ထားလိုက်တယ်။သူနိုးနေတာသိရင်ကလေးအနေရခက်မှာစိုးလို့။ရိပေါ်နှိုးလာတာနဲ့ပထမဆုံးမျက်လွှာလေးနှစ်ခုကို ဖွင့်လိုက်တယ်ဆိုရင်ဘဲ ကြီးမားကျယ်ပြန့်တဲ့ရင်အုပ်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ရိပေါ်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဦးနှောက်သေးသေးလေးကိုစတင်အလုပ်ပေးနေမိတယ်။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now