Part 11 (Zawgi)

41 1 0
                                    

"ဘာလဲ ပြောလေ ငါတို့သိသလောက်အကြံပေးရတာပေါ့"

ကျန်းချန်သေချာထိုင်ရင်းပြောလိုက်တယ်။ဟောက်ရွှမ်းကလဲအမောပြေတာနဲ့သေချာထိုင်လိုက်တယ်

"အင်း မင်းတို့မှန်းကြည့်စမ်း ငါ့ကလေးကဘာမုန့်တွေကြိုက်လဲဆိုတာ
အပြန်သူ့အတွက်ဝယ်ပေးချင်လို့"

"ဟင် မင်းကငါတို့ကိုခေါ်တာအဲ့တာမေးဖို့လား"

ကျန်းချန်နဲ့ ဟောက်ရွှမ်းရှောင်ကျန့်ကိုပြူးကြောင်ကြောင်လေးကြည့်လိုက်ကြတယ်

"အင်း ဟုတ်တယ်လေ"

"ဟာ့"×2

နှစ်ယောက်စလုံး‌ ခုံမှာရှိတဲ့ကျောမှီကို
ပြိုင်တာလှန်ချလိုက်ကြတယ်။မင်းတို့တွေးကြည့် တကယ်ခံပြင်းစရာကြီး။ရှောင်ကျန့်ခေါ်တာအရေးကြီးတာဆွေးနွေးမလို့ပေါ့။တကယ်တမ်းကျတော့ သူ့ကလေးဘာစားလဲဆိုတာမှန်းခိုင်းတာတဲ့ ရှောင်ကျန့်ကအဲ့လိုဘဲစီးပွားရေးမှာသာ မိုးမွှန်အောင်တော်နေတာ အချစ်ရေး‌ကျတော့ ဒီကောင်ကမူကြိုအဆင့်လောက်ဘဲရှိတာ။သူကအဲ့လိုပြောရင်လဲ ပြောတယ်ဖြစ်အုံးမယ်။

"အဲ့ဒါ ငါ့တို့က ဘယ်လိုသိမှာလဲကွာ မင်းမေးရမယ့်လူမှားနေတယ်လေ ငါတို့ကိုမေးရမှာမဟုတ်ဘူးလေ သူ့ သူငယ်ချင်းတွေကိုမေးရမှာကွ"

ကျန်းချန် စိတ်မရှည်စွာပြောလိုက်တယ်။

"အာ ဟုတ်သား ငါ့ဆီမှာကျိရမ် accရှိတာမေ့နေတာ"

ရှောင်ကျန့်ပြောရင်းဖုန်းဖွင့်လိုက်တယ်
ကျိရမ်နာမည်ကြားတာနဲ့ လှုပ်လှုပ်ရွရွဖြစ်လာတာ ဟောက်ရွှမ်း။ဟောက်ရွှမ်းရှောင်ကျန့်နားကပ်ကာ ပြောလိုက်တယ်

"မင်းဆီမှာ ကျိရမ် acc ရှိတယ်လား"

"အင်း ရှိတယ်လေ"

ရှောင်ကျန့်ဖုန်းကြည့်ရင်းဖြေလိုက်တယ်

"ရှိရင်ငါ့ကိုပေးစမ်းပါကွာ ငါသူနဲ့သူငယ်ချင်းဖြစ်ချင်လို့ သူ့accကိုလိုက်ရှာတယ် မတွေ့တာ"

ဟောက်ရွှမ်းဖုန်းထုတ်ရင်းပြောလိုက်တယ်

"ဘာလဲ မင်းကကျိရမ်ကိုလိုက်မလို့လား"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now