Part 10

144 5 3
                                    

"မဟုတ်ပါဘူးကွာ မင်းကလဲ"

"အဲ့ဆို ဘာလဲ ငါ့ကိုရှင်းရှင်းပြောစမ်းရှောင်ကျန့်"

ကျန်းချန်တကယ်စိတ်မရှည်တော့ဘူး။
စိတ်ကမှ လက်တစ်ဆစ်တောင်ရှိရဲ့လားဆိုတာ ကိုယ့်ကိုကိုယ်လဲသေချာမသိဘူး။အဲ့တာကိုရှောင်ကျန့်ကမပြောဘဲ အရစ်ကရှည်နေသေးတယ်။ငါလေးစိတ်ရှည်တယ်နော်။

"ဟင်းဟင်း Secret"

"ရားးးးး ရှောင်ကျန့်!!!!!"

"ဟားဟားဟား"

ရှောင်ကျန့်ကျန်းချန်ကိုစချင်တာနဲ့ မပြောဘဲနေလိုက်တယ်။

"ရှောင်ကျန့် မင်းငါ့စိတ်ကိုသိရဲ့သားနဲ့နော် ပြောမှာလား မပြောဘူးလား"

"ပြောပါ့မယ်ကွာ မင်းကလဲ စိတ်လေးနည်းနည်းတော့ရှည်ပါအုံး ဒီလိုသာလုပ်နေရင် တစ်သက်လုံး ယောက်ျားမရဘဲနေမယ်နော်"

"ဟ့ မင်းကွေးတိုင်းငါ့ကိုလာကွေးခိုင်းမနေနဲ့ ငါက အဖြောင့်စစ်စစ်ကွ ယူစရာလားယောက်ျား မိန်းမဘဲယူမှာပေါ့ကွ"

"ဟားဟား အေးပါကွာ ပြောအားရှိတုန်းတော့ပြောထားစမ်းပါကွာ"

"ပြော ပြော ငါသိချင်နေပြီ"

"ဟုတ်ပါပြီကွာ ကလေးရဲ့ဖုန်းနဲ့ငါ့ဖုန်းကို GPS ချိတ်လိုက်တာပါကွာ မင်းကလဲ"

"အေးလေ အစကတည်းကဒီလိုပြောလိုက်ရင် ရှင်းနေရောဘဲကို မင်းကိုက အရစ်ရှည်နေတာ"

ကျန်းချန်ရှောင်ကျန့်ကို လက်ညှိုးထိုးပြီးပြောလိုက်တယ်။ရှောင်ကျန့်သဘောတကျရယ်လိုက်တယ်

"ဟားဟားဟား အေးပါကွာ ငါကမင်းကို မစရတာကြာတော့ စ ချင်လာလို့ပါကွာ"

"အင်း စ စ ကျပ်ကျပ် စ နေ သိလား
ငါက စိတ်ဆိုးပြီး ကုမ္ပဏီက ထွက်သွားမှ မင်းဒုက္ခ ရောက်မယ်နော်"

"ကျန်းချန် အဲ့လိုထင်ရင် မင်းမှားမယ်နော် ဘယ်သူလဲ ငါက ရှောင်ကျန့်ပါကွ"

"ဟုတ်ပြီလေ အဲ့ဆို ငါထွက်ပြီ"

"ဟ့ မင်းက ချက်ချင်းကြီး အဲ့လိုမလုပ်နဲ့လေကွာ"

"မင်း ဘဲ ရတယ်ဆို"

"ဟားဟားဟား ဆောရီးပါကွာ ကျန်းချန်ရာ ငါကစတာကို"

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now