Part 19

188 7 0
                                    

"အား!!!!....ကလေး....လွှတ်တော့နော်....ကလေး....အား!!!...ကိုကိုနာတယ်ကလေးလေး"

သူပြောလိုက်မှ ခွေးပေါက်လေးက သူ့လက်ဖျံကိုက်ထားတာကိုလွှတ်ပေးတော့သည်။ကြည့်လိုက်တော့ သွားရာအကွင်းလိုက်လေးဖြစ်နေတဲ့သူ့လက်ဖျံလေးကိုကြည့်ရင်း ရှောင်ကျန့်ပြုံးလိုက်တယ်။ရိပေါ်ကိုပြုံးကြည့်ရင်းပြောလိုက်သည်

"အဟားဟားး ဆိုးလိုက်တာ ကိုကို့ခွေးပေါက်လေးရာဟင် အဲ့လိုကိုက်လိုက်ရတော့ပျော်လား ဟင် ဒီမှာကြည့်ပါအုံး ကလေးကိုက်လိုက်တာ ကိုကို့လက်ကို"

သူပြတော့မှ သူ့လက်လေးကိုကိုင်ကာ မျက်နှာလေးငယ်ချရင်းပြောလာ‌တဲ့ အကောင်ပေါက်လေးက ချစ်စဖွယ်အတိ

"ကိုကို...နာသွားလား  ကလေးကဒီလောက်ကြီးဖြစ်ဖို့မရည်ရွယ်ပါဘူး..အဲ့တာကိုကိုမကောင်းလို့ဖြစ်တာပဲ ကို့ကိုကြောင့် ကလေးနဲ့ဆိုင်ဘူး"

"အဟက်...ဟုတ်ပါပြီကွာ ခွေးပေါက်လေးနဲ့မဆိုင်ပါဘူး ကိုကိုကမကောင်းတာ ဟုတ်ပြီလား"

"အွန်း....ဟီးးးးး"

သူ့ကိုသွားလေးတွေပေါ်အောင်ရယ်ပြလာတဲ့ကလေးက ဆေးရုံပေါ်မှာသတိရလာပြီနောက်ပိုင်း သူ့ကိုတွယ်ကပ်လာသည်။လက်ထပ်ခါစနဲ့မတူ သူ့အပေါ်နွေးထွေးလာသည်။ထူးဆန်းတာက ကလေးကပိုပြီးကလေးဆန်လာတာပင်။အဲ့လိုပြောတာထက် ကလေးလေး ဖြစ်လာတယ်ဆိုပိုမှန်လိမ့်မည်။သူ့ခန္ဓာကိုယ်ပေါ်ခွထိုင်ထားတဲ့ကလေးလေးကိုပြုံးပြီးမေးလိုက်တယ်

"ကဲ ကိုကို့ကလေးလေးက ကို့ကို ကိုချစ်လား"

သူပြောတော့နားဖျားလေးတွေကရဲဆွေးနေတော့သည်

"ဟီး....အွန်း ကိုကို့ကို ချစ်တယ်"

"အား....ချစ်လိုက်ရတာကလေးလေးရာ"

ရှောင်ကျန့်ရိပေါ်ကိုတင်းကျပ်စွာပွေ့ဖက်မိလိုက်တယ်။ဒီ‌ကလေးလေးကသူ့ကိုတစ်နေ့တစ်ခြားပိုပိုချစ်လာအောင် ပြုစားလွန်းတဲ့အချစ်ကဝေလေး။သူမှာဒီထက်ချစ်စရာလူမရှိတော့ဘူး။မိဘတွေကိုတောင် ကလေးလောက်ချစ်မယ်လို့သူမထင်ပါ။မွေးပေးတဲ့အဖေအမေဆိုပေမယ့် ဒီကလေးကိုသာသူပိုချစ်မိတယ်။မိဘကျေးဇူးလား မကျေနိုင်မှန်းသိပေမယ့် သူဆပ်သင့်သလောက်ဆပ်ပြီးပြီလို့ထင်တယ်။သူ့ရဲ့ငယ်ရွယ်တဲ့လွတ်လပ်မှုတွေကို ပေးဆပ်ခဲ့ပြီးသားပင်။ငယ်ရွယ်စဉ်ကလေးဘဝတုန်းကသူတို့ရဲ့စည်းစနစ်အတိုင်းနေပေးခဲ့တယ်။အရွယ်ရောက်လာတဲ့အချိန်မှာတောင်သူတို့သဘောကျစီးပွားရေးကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။အရွယ်ရောက်တဲ့လူငယ်လေးရဲ့လွတ်လပ်မှုတွေကိုသူတို့လုပ်စေချင်တဲ့စီးပွားရေးမှာ မြှုပ်နှံခဲ့ပြီးပြီ။သူရှာပေးတဲ့အရာတွေနဲ့ဆိုရင် မိဘနှစ်ယောက်စလုံး အေးအေးချမ်းချမ်းနေလို့ရပြီဖြစ်သည်။သူတို့က ကိုယ့်ကိုကောင်းဖို့ရည်ရွယ်ကာထိန်းကျောင်းပေးပေမယ့် လွတ်လပ်မှုကတော့ လူတိုင်းနှစ်ခြိုက်ကြတာသဘာဝပင်။သူနဲ့အိုသည်အထိအဖော်ပြုပေးမှာဒီကလေးလေးဖြစ်သည်။ဒီကလေးလေးကသာသူ့ဘဝရဲ့အရာရာဖြစ်လာခဲ့တာဆိုလဲမမှားပါ။ရှောင်ကျန့် သူ့ပေါင်ပေါ်မှာ အငြိမ်မထိုင်ပဲ လှုပ်နေတာကြောင့် ကလေးလေးရဲ့မက်မွန်သီးလေးတွေ အလှုပ်အရှားမှာ သူ့ညီငယ်လေးကအငြိမ်မနေချင်တော့ပါ။သူကလေးငယ်ရဲ့မျက်နှာလေးကိုစူးစိုက်ကြည့်မိတယ်။‌ဝင်းမွတ်နေတဲ့အသားအရေလေးက ပါးပြင်ပေါ်က သွေးကြောစိမ်းလေးတွေတောင်မြင်နေရတယ်။ဖောင်းနေတဲ့ပါးလေးနှစ်‌ဖက်ကပေါက်စီလုံးလေးတွေအလား ကိုက်ချင်စရာ။နှာလုံးလုံးလေးကလဲ သွားလေးနဲ့တဖွဖွကိုက်ချင်မိ။သူ့ကိုကြည့်လာတဲ့အရည်လဲ့လဲ့ မျက်ဝန်းတွေကို မျက်ရည်ကျအောင် ကြမ်းရမ်းပစ်ချင်စိတ်ကတဖွားဖွား။သူ့ရဲ့ညစ်ညမ်းတဲ့အတွေးနဲ့အတူ ထကြွလာတဲ့ရှောင်းညီငယ်လေးက တွင်းအောင်းဖို့ပြင်နေပြီ။ကလေးအသံကြားမှ သူ့ရဲ့ညစ်ညမ်းတဲ့အတွေးတွေက ခေတ္တခဏ ရပ်တန့်သွားတယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now