Part 21

167 8 0
                                    

ရှောင်ကျန့်အားလုံးချက်ပြုတ်ပြင်‌ဆင်ပြီးတာနဲ့ နာရီကိုတစ်ချက်ကြည့်မိတော့ ညနေတောင်ရောက်နေပြီမို့ရှောင်ကျန့်မျက်မှောင်ကြုတ်မိတယ်

"ကလေးကအခုထိမနိုးသေးဘူးလား....မဖြစ်သေးပါဘူး သွားနိုးအုံးမှ တော်ကြာခေါင်းကိုက်နေမှဖြင့် ဒီလူကရင်ကျိုးရချည်ရဲ့"

ရှောင်ကျန့်ပြောရင်းအခန်းထဲဝင်ကာရိပေါ်အိပ်စက်ရာကုတင်ပေါ်ကိုတင်ပလွှဲဝင်ထိုင်ကာပါးလေးကိုအသာပုတ်နိုးလိုက်တယ်

"ကလေး....‌ကိုကိုကလေးလေး.."

ရှောင်ကျန့်ရဲ့ပါးကိုပုတ်‌နိုးတဲ့အထိအတွေ့နဲ့ အသံကြောင့်ထင်ပါရဲ့ကလေးကညည်းလာသည်

"အင်း...အဲ....ဟင့်"

ရှောင်ကျန့်ပြုံးလိုက်တယ်။ဒီလိုချစ်ဖို့ကောင်းတဲ့ ကလေးကိုရှောင်ကျန့်ကဘယ်သူမှမမြင်အောင်ဖွက်ထားချင်တာ။ကိုယ့်ရဲ့အတ္တစိတ်ကြောင့်ကလေးပင်ပန်းမှာလဲဆိုးရပါတယ်

"ကလေးလေး...ထတော့နော် ညနေရောက်နေပြီ ဒီလိုဆက်အိပ်နေရင်နေမကောင်းဖြစ်လိမ့်မယ်‌ကလေးရဲ့...ထတော့"

ဒါလဲကလေးကတုတ်တုတ်မျှမလှုပ်ပါ။ရှောင်ကျန့်လဲမထချင်တဲ့ကလေးကိုဆက်နိုးမနေတော့ပဲဒီတိုင်းသာကြည့်နေလိုက်တော့သည်။နဖူးပေါ်မှာကျနေတဲ့ဆံနွယ်လေးနဲ့မှိတ်ထားတဲ့မျက်ခွံဖောင်းဖောင်းလေး။ထင်းထွက်ဖောင်းကားနေတဲ့ပါးနှစ်ဖက်က ရှောင်ကျန့်နေ့တိုင်းနမ်းနေ‌တာတောင် ချိုင့်ဝင်မသွား။ကြည့်ရင်းနဲ့သွားကယားလာရတယ်။

ရှောင်ကျန့်သူ့နှုတ်ခမ်းလေးကိုအသာကိုက်မိတယ်။ကလေးရဲ့မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်နေရင်းမှ လှုပ်စိလှုပ်စိဖြစ်လာတဲ့မျက်ခွံလေးနဲ့အတူ နှာလုံးလေးတစ်ရှုံ့ရှုံ့လုပ်ကာ အနံ့ခံနေပုံ။ဟုတ်တာပေါ့ သူကဟော့ပေါ့အိုးတည်ထားခဲ့တာလေ။ဖွင့်ထားတဲ့တံခါးပေါက်ကနေဝင်လာတဲ့ဟော့ပေါ့အနံ့ကိုနှာလေးတစ်ရှုံ့ရှုံ့လုပ်ကာမျက်လုံးမဖွင့်ပဲအိပ်ယာပေါ်ထထိုင်လိုက်တဲ့သူ့ရဲ့ကလေးလေး။

ရှောင်ကျန့်လဲပြုံးလိုက်တယ်။သူဘယ်လိုနိုးနိုး ထမလာတဲ့ကလေးက အစားရနံ့ကြောင့်ထထိုင်လာတယ်တဲ့။သူတကယ်သွားများပေါ်သည်အထိပြုံးလိုက်တယ်။‌တံခါးပေါက်ဘက်မျက်နှာလေးမူကာ နှာတစ်ရှုံ့ရှုံ့လုပ်နေတုန်း။မျက်လုံးကအခုချိန်ထိမ‌ဖွင့်သေးပါ။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now