Part 15 (Zawgi)

38 2 0
                                    

တွေဝေမှုမရှိပြန်လည်ဆုပ်ကိုင်မိတဲ့အချိန်ခံစားလိုက်ရတဲ့အေးစက်မှု။ စိုးရိမ်စွာမတ်တပ်ရပ်လို့ခါးလေးကိုင်းကာ လက်တစ်ဖက်ကရိပေါ်လက်ဆုပ်ကိုင်လိုက်တယ်

"ကလေး!!! ကိုယ့်ကိုမနှောက်နဲ့နော် သည်းငယ်...ရိပေါ်...ကလေးလေး ဘာလို့ခန္ဓာကိုယ်ကဒီလောက်အေးစက်နေရတာလဲ...ကိုယ့်ကိုမနောက်ပါနဲ့ကွာ"

လက်လေးနှစ်ဖက်ကိုရိပေါ်ခြုံထားတဲ့စောင်လေးကိုဆွဲဖယ်ရင်း ခန္ဓာကိုယ်အနှံ့လိုက်ဆုပ်ကိုင်မိတယ်။ရှောင်ကျန့်ရဲ့ပါးပြင်ပေါ်ကိုစီးဆင်းသွားတဲ့မြစ်နှစ်ကြောင်းက ရိပေါ်ရဲ့ကိုယ်ပေါ်ကျသွားတယ်။နွေးတဲ့နေရာကိုတစ်နေရာမှမခံစားမိဘူး။တစ်ချိန်တည်းမှာထွက်ပေါ်လာတဲ့ဖုန်းသံလေးတစ်ခု

*I tell you how I almost died
While you are bringing me back to life..
I just wanna live in this moment forever....*

ရှောင်ကျန့်ဖုန်းမြည်သံကြောင့်နားစွင့်ကာကြမ်းပြင်ပေါ်ကိုမှောက်လျက်လေးကျနေတဲ့ဖုန်းလေးကိုကောက်ကိုင်လိုက်တယ်

*ဟယ်လို*

*ရှောင်ကျန့်ကော ရိပေါ်ကိုဆေးရုံသွားပြတာ အခြေအနေကောင်းလား*

*ကျိရမ် ကိုယ်အခုမှရုံးကပြန်လာတာ*

*ဗျာ!!!!!*

ကျိရမ်ရဲ့ခေါင်းမှာမိုးကြိုးဆယ်စင်းလောက်ပစ်သွားတော့သည်။

*ကော ရိပေါ်အခုအခြေအနေဘယ်လိုလဲဟင် မြန်မြန်ရိပေါ်ခန္ဓာကိုယ်ကိုစမ်းကြည့်ပါအုံး*

*ကျိရမ် ရိပေါ်တစ်ကိုယ်လုံးအေးစက်နေတာဘဲ*

*ဗျာ ကော ရိပေါ်ကိုဆေးရုံမြန်မြန်ပို့တော့ ကျွန်တော်ဆရာဝန်ကိုကြိုပြောထားလိုက်မယ် မြန်မြန်နော်ကော*

*အေး*

ရှောင်ကျန့်ဖုန်းကိုသူ့ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ရိပေါ်ခန္ဓာကိုယ်လေးကိုပွေ့ချီပြီး အလောတကြီးလှေကားပေါ်ကဆင်းလာတယ်။ရိပေါ်ကိုကားပေါ်သေချာတင်ကာ ဦးလေးကြီးကိုအော်လိုက်တယ်။

"ဦးလေးကြီးတံခါးမြန်မြန်ဖွင့်"

ဦးလေးကြီးလဲရှောင်ကျန့်ပြောသလိုတံခါးကိုအဆောတလျင်ပြေးဖွင့်မိတယ်။ရှောင်ကျန့်ကားကိုမိုင်ကုန်တင်ကာ ဆေးရုံရှိရာသို့....
တစ်ဖက်ကကျိရမ်မှာလဲ ဖုန်းဆက်ပြီးတာနဲ့ဘေးနားမှာထိုင်နေတဲ့မားကိုပြောလိုက်တယ်

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now