Part 8

155 4 0
                                    

ရှောင်ကျန့်အိမ်ရောက်တာနဲ့ ကားလေးကိုစက်ရပ်လိုက်တယ်။ရှောင်ကျန့်ခါးပတ်လေးကိုဖြုတ်ပြီးတာနဲ့ ဘေးမှာ သူ့ဘက်ကိုခေါင်းလေးစောင်းပြီးအိပ်ပျော်နေတဲ့ရိပေါ်လေးကိုကြည့်လိုက်တယ်။ပါးလေးတစ်ဖက်ကဖိအိပ်ထားတာမို့ အပေါ်ကမြင်နေရတဲ့ပါးလေးကပိုပြီးဖောင်းနေသယောင်။ကြည့်ရင်းကြည့်ရင်း ရှောင်ကျန့်ရဲ့သွားတွေယားလာတယ်။ကိုက်ချင်စိတ်ကတစ်ဖွားဖွား။ဖိကိုက်လိုက်ရရင် ကလေးတော့ငိုသွားမှာသေချာတယ်။
မဂ်လာပွဲမှာစားသောက်ထားတာဆိုတော့ အစကတည်းကပါရုံလောက်ဘဲဆိုးထားတဲ့နှုတ်ခမ်းနီလေးကမရှိတော့ဘူး။မူလပင်ကို နီနေတဲ့နှုတ်ခမ်းလေးက ဖူးကြွနေရော။နမ်းပါ နမ်းပါလို့ ခေါ်နေသယောင်။ရှောင်ကျန့်အသည်းယားလွန်းတာကြောင့်သူ့အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိတယ်။

'ကလေးရာ မင်းကိုယ့်ကိုဘယ်လိုတွေတောင်ပြုစားနေရတာလဲ ကိုယ်ကမင်းမဆွတ်ခင်ကတည်းက ညွှတ်ချင်နေပြီကလေးရဲ့ မင်းလေးကိုဒီထက်ကြာကြာကြည့်နေရင် ကိုယ်တစ်ခုခုလုပ်မိတော့မှာသေချာတယ်

ရှောင်ကျန့်စိတ်ထဲမှာရေရွတ်ပြီးတာနဲ့ ကားအပြင်ကိုထွက်လိုက်တယ်။ရိပေါ်ဘက်ကိုသွားကာ ခါးပတ်ဖြုတ်ပေးပြီးတာနဲ့ရိပေါ်ကိုအသာအယာပွေ့ချီလိုက်တယ်။‌အိမ်ထဲရောက်တာနဲ့ကြီးမေကတစ်ခုခုပြောဖို့ပြင်နေတာမို့ ရှောင်ကျန့်ခေါင်းရမ်းပြလိုက်တယ်။အပေါ်ထပ်ကိုခြေတစ်လှမ်းချင်းဖြေးဖြေးတက်ကာ အခန်းတံခါးကိုအသာလေးဖွင့်ပြီးကုတင်ပေါ်မှာရိပေါ်လေးကိုအသာလေးချလိုက်တယ်။အိပ်ဖို့သက်သာအောင်သေချာလေးလုပ်ပေးလိုက်တယ်။ရှောင်ကျန့်ပြီးတာနဲ့ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ဖန်ပုလင်းထဲကရေလေးကို ဖန်ခွက်ထဲထည့်ကာမော့သောက်လိုက်တယ်။သူနဲနဲမောသွားတယ်။ကလေးခန္ဓာကိုယ်ကိုကြည့်ရင်သာသေးပေမယ့် ကိုယ်အလေးချိန်ကတော့မပေါ့ပါ။အသားလေးကကျစ်လျစ်နေသည်။ရှောင်ကျန့်ဒီထက်သန်မာအားကောင်းလာအောင် လေ့ကျင့်ဖို့လိုအပ်သည်ဟုသာတွေးမိသည်။ဒီထက်သက်လုံကောင်းဖို့ပိုလိုအပ်နေသေးသည်။နောက်နေ့ကစပြီး သူဒီထက်လေ့ကျင့်ခန်းပိုလုပ်ရမည်။
ရှောင်ကျန့်ရေချိုးခန်းထဲဝင်ကာရေဇလုံနဲ့ပါဝါအသေးလေးယူလာကာ ကုတင်ဘေးကစားပွဲပေါ်မှာတင်လိုက်တယ်ရိပေါ်ကို အင်ကျီအသာလေးချွတ်ပေးလိုက်တယ်။အပေါ်ပိုင်းဗလာဖြစ်သွားတဲ့ခန္ဓာကိုယ်လေးကိုကြည့်ရင်း ရှောင်ကျန့်မျက်စိစုံမှိတ်ကာသက်ပြင်းမောချလိုက်တယ်။သူဒီလိုပုံစံနဲ့ကိုယ်လက်သန့်စင်ပေးနိုင်ပါ့မလား။ကြီးမေကိုလဲ မလုပ်ခိုင်းချင်ပါ။သူတောင်မထိရသေးတဲ့အစိတ်အပိုင်းလေးတွေကို တစ်ပါးသူထိကိုင်တာကိုကြည့်နေရလောက်အောင် ရှောင်ကျန့်ကသဘောထားကြီးတဲ့သူမဟုတ်။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now