Part 25

220 6 0
                                    

'ဒူတုတု..ဒူတုတု..ဒူတုတု..'

တိတ်ဆိတ်နေတဲ့အခန်းတွင်းမှာ ကျယ်လောင်စွာ မြည်ဟီးလာတဲ့ဖုန်းသံကြောင့် စားပွဲဘေးမှာရှိနေတဲ့ ဖုန်းကို ရှောင်ကျန့်က အသာငဲ့စောင်းကြည့်တယ်

Contact name က Dr.Jerry လို့ပေါ်နေတဲ့အခါ ရှောင်ကျန့်က ချက်ချင်းကိုင်လိုက်တယ်

*Hello, Jerry*

*Hi, Mr.Sean... ကျွန်တော်နောက်လမှာ တရုတ်ကို လာဖြစ်မယ်ဗျ..အဲ့တာ ဖြစ်နိုင်ရင် Mr.Sean ရဲ့ အမျိုးသားကိုတွေ့ချင်တယ်*

ရှောင်ကျန့်က မျက်မှောင်တစ်ချက်ကုတ်တယ်။တစ်ဖက်ကသူ့ကိုမမြင်ရပေမယ့်လို့ပေါ့။

*ဘယ်လိုမျိုးလဲ*

*Mr.Sean ရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ပါ...ဆရာဝန်အနေနဲ့မဟုတ်ပါဘူး စကားနဲနဲလောက်ပြောကြည့်ချင်တယ်...စိတ်ချပါ မရိပ်မိစေရပါဘူး Mr.Sean*

*အင်း...အ့လိုဆိုရင်တော့ ရပါတယ် သတိတော့ ထားစေချင်တယ် စိတ်ဒဏ်ရာများနေတဲ့ ကလေးမို့ ထပ်ပြီး ဒဏ်ရာတစ်ခု မတိုးစေချင်ဘူး...အဆင်ပြေနိုင်ပါ့မလား*

*အဆင်ပြေပါတယ်...ဒါဆို နောက်လမှတွေ့မယ်ဗျာ..Bye Bye*

ဖုန်းပြောပြီးတာနဲ့ရှောင်ကျန့်က ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်တယ်။ကော်ဖီခွက်ကို ကောက်ကိုင်ကာ မှန်နဲ့ကာထားတဲ့ နံရံနားကို လမ်းလျှောက်သွားလိုက်တယ်။လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်ရင်း မတ်တပ်ရပ်ကာ ကော်ဖီတစ်ငုံသောက်လိုက်တယ်

မျက်လုံးရဲ့အကြည့်တွေက အောက်မှာ သွားလာနေတဲ့လူတွေဆီ အကြည့်ပို့ထားတယ်။ကလေးရဲ့အိပ်မက်ဆိုးကိုပျောက်စေဖို့ သူက Jerry ကိုအကူအညီတောင်းထားတာပင်။

Jerry နဲ့က အမေရိကန်မှာစသိခဲ့တာဖြစ်သည်။‌သူက စီးပွားစီမံနဲ့ပတ်သတ်ပြီး လေ့လာခြင်းပင်။Jerry ကတော့ စိတ်ပညာအထူးကုနဲ့ပတ်သတ်ပြီး လေ့လာတယ်။

လေ့လာတာခြင်းမတူပေမယ့် တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ ရင်းနှီးမိခြင်းပင်။ကန်တင်းမှာ ထိုင်စရာမရှိတော့တဲ့ အတွက် သူနဲ့အတူ ထိုင်ရင်းကနေ ခင်မင်မိကြတာပင်။

ကလေးက ကိုယ့်အတွက်အရာရာWhere stories live. Discover now