Unicode
ချမ်းစိမ့်စိမ့် လေပြေတွေ တဖြူးဖြူး တိုက်ခတ်နေပြီး အသူရာနေမင်းဟာ စွမ်းသလောက် အပုူပေးကာ သာနေတာမို့ နေထိုင်လို့ကောင်းသော သာယာသော ဆောင်းဦးရာသီ အချိန်အခါ။ငှက်မောင်နံှတို့ ကောင်းကင်ယံ၌ တူတွဲ ပျံသန်းကာ တေးသံချိုချိုတို့ဖြင့် ကျီစယ်နေသယောင်။
ရနံ့သင်းသင်း ပန်းမျိုးစုံတို့ဟာလည်း အသူရာရောင်ခြည်အောက်မှာ အစွမ်းကုန် ပွင့်လန်းနေကြပြီး လေပြေတချက်ဝေ့တိုင်း ထုံကြိုင်လာတဲ့ သင်းရနံတို့က ရှုရိုှက်ရသူအဖို့ စိတ်အစုံ အေးချမ်းစေအောင် ထောက်ပံ့နေသယောင်။
သာယာလှသော ပတ်ဝန်းကျင်အတွင်း ရနံ့မွှေးကြိုင်စွာ သင်းပျံနေသော Stigma Cafeမှ ကော်ဖီရနံ့ဟာ ဖြတ်သန်းသွားလာသူတိုင်းအား ဆွဲဆောင်နေဟန်။ရနံ့ရုံဖြင့် ခေါင်းအစဉ်ကြည်စေသော ကော်ဖီရနံ့ကြောင့် ဆိုင်အတွင်း နေရာလွတ်မရှိအောင် စည်ကားနေသည်မှာ သံသယဖြစ်ဖွယ်မရှိ။
လူစည်းကားနေသော Stigma Cafeလေးရဲ့ VIPခန်းမှာ နွားနို့တခွက်မှာပြီး ရင်အစုံကို အသာဖိကာ တစ်စုံတယောက်အလာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေသော ကောင်လေးတစ်ယောက်ငယ်။လက်သည်းလေးကိုက်တစ်လှည့်၊ရင်လေးဖိတလှည့်ဖြင့် ပြုံးပျော်နေသော နှုတ်ခမ်းတို့ဟာလည်း အောက်သိူ့မရောက်သွား။
ထိုအချိန် အခန်းတံခါးကို ဆွဲဖွင့်လိုက်သော အသံကြောင့် မျှော်လင့်ချက်ပြည့်နေသော မျက်ဝန်းငယ်လေးများဖြင့် လှည့်ကြည့်မိတော့ ဝင်လာသော ကျက်သရေရှိလှတဲ့ အမျိုးသမီးကြီး နှစ်ဦးကြောင့် အပြုံးတွေတို့က တားမရနိုင်။
"ထယ်ယောင်း... ရောက်နေတာကြာပြီလား"
ရှေ့ဆုံးကဝင်လာတဲ့ အမျိုးသမီးကြီး တနည်းအားဖြင့် ချစ်ရသူရဲ့အမေက စားပွဲတဖက်မှာထိုင်ကာ မေးလာသည်။
"မကြာသေးပါဘူး အမေ၊ဒါနဲ့ ဘာသောက်ဦးမလဲ...
ဒေါ်လေးရော..."အမေ...ဟုတ်ပါသည်။ကျွန်တော်သိပ်ချစ်ရသူရဲ့ အမေပေါ့။ယောက်ျားချင်း စိတ်ဝင်စားတဲ့ ကျွန်တော်တို့ကို နားလည်ပေးတဲ့အပြင် ကျွန်တော့်အပေါ် သားအလိုဆက်ဆံတဲ့ သူမဟာ မျက်နှာမြင်ရုံနဲ့တင် မေတ္တာပြည့်ဝပြီး ကြင်နာတတ်တဲ့ အမျိုးသမီးမှန်း သိပ်သိသာသည်။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...