❣7❣

2.2K 171 0
                                    

Unicode

ဒေါက်~~ဒေါက်~~ဒေါက်~~

"ဝင်ခဲ့ပါ..."

တစ်ဖက်က ခွင့်ပြုသံကြားရတာကြောင့် ထယ်ယောင်း တံခါးဖွင့်ကာ ဝင်လာလိုက်သည်။

"ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ..."

ဂျောင်ဂုက ခုံပေါ်မှာ ခြေချိတ်ထိုင်ကာ ဘောပင်ကိုင်ထားသော လက်တစ်ဖက်ဖြင့် သူ့ရှေ့က ထိုင်ခုံညွှန်ပြသည်။

"ဟုတ်တယ်...ထိုင်ပါဦး..."

ထယ်ယောင်းဝင်ထိုင်လိုက်တော့ အနေအထားက မျက်နှာချင်းဆိုင် ဖြစ်သွားသည်မို့ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်လှသည်။

"ဒီက တစ်ယောက်က ဂျာမနီဌာနမှူးဆိုတော့ ဌာနရဲ့ လည်ပတ်မှုကို အကုန်သိချင်တာကြောင့် ပြောပြပေးဖို့ ခေါ်လိုက်တာပါ..."

အသံအနေအထားက အရင်ကလို နူးနူးညံ့ညံ့မဟုတ်ပဲ အေးစက်ပြတ်သားကာ သြဇာညောင်းလွန်းလှတာကြောင့် ထယ်ယောင်း နည်းနည်းတော့ ရှိန်မိသည်။

"ဟုတ်ကဲ့..ကျွန်တော် ခဏနေရင် အကုန် ပြောပြပေးပါ့မ ယ်...အခု ကျွန်တော် နေ့လည်စာ မစား...."

"ကျွန်တော်က အခုသိချင်တာ..."

စကားကို ဖြတ်ပြောလိုက်သော ဂျောင်ဂုကြောင့် ထယ်ယောင်း ပြောမဲ့စကားတွေ လည်ချောင်းမှာတင် တစ်သွားရသည်။ထို့နောက် အချိန်ကို လှည့်မိတော့ ၁၂နာရီတောင်ကျော်နေပြီ ဖြစ်သည်။အခုအချိန် အစာစားချိန် နောက်ကျရင် ဘာဖြစ်မလဲ ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံး...။

ဂျောင်ဂုကို လှည့်ကြည့်လိုက်တော့ အေးစက်စက် မျက်မှာထားက လုံးဝအလျှော့ပေးမည့်ပုံ မပေါ်တာကြောင့် ထယ်ယောင်း ခေါင်းသာ တဆတ်ဆတ် ညိတ်ပြလိုက်ကာ လိုအပ်တဲ့ ဖိုင်တွေယူရန် ထွက်လာခဲ့လိုက်သည်။

နောက်ပြဿနာ နောက်မှရှင်းကြတာပေါ့....။

ထွက်သွားသော ကင်မ်ထယ်ယောင်းရဲ့ ကျောပြင်ကို ဂျောင်ဂု အောင်နိုင်သူအပြုံးကြီးနဲ့ ကြည့်နေသည်။

ဟိုမျက်မြှေးပုလုံးကောင်နဲ့ တဟီးဟီးတဟားဟား ဖြစ်နေတာတည်းက သူအမြင်မကြည့်တော့။စိတ်ထဲမှာလည်း ဘာကို စိတ်တိုမှန်းမသိ တိုနေမိသည်။ရယ်မောနေသော သူတို့မျက်နှာတွေကို ပြေးရိုက်ချင်စိတ်က တဖွားဖွား..။ကုမ္ပဏီမှာ မို့လို့ ငြိမ်နေခဲ့တာ...။ တော်ကြာ အသစ်ရောက်လာတဲ့ ကိုယ်က အပေါက်ဆိုးတယ် ဖြစ်ဦးမယ်။

Yet To Come [Completed]Donde viven las historias. Descúbrelo ahora